Chapter ( 36 ) 41*

29K 2.2K 24
                                    

ထွန်းကိုကို ဒီစစ်ဘေးရှောင်စခန်းမှာ ရောက်နေခဲ့တာ ဘာလိုလိုနဲ့ တစ်နှစ်လောက်တောင် ရှိသွားခဲ့ပြီ။ ဆရာဝန်ရှားပါးလှတဲ့ ဤနေရာမှာ ဒေသခံလူတွေကို ကျန်းမာရေးစောင့်ရှောက်မှုပေးရတာလောက် ကျေနပ်ချမ်းမြေ့စရာကောင်းတဲ့ အလုပ်မရှိတော့။ အခြေခံ ကျန်းမာရေးစောင့်ရှောက်မှု မရှိလို့ မသေသင့်ဘဲ အသက်ဆုံးရှုံးသွားရတဲ့ အဖြစ်တွေကို စိတ်မကောင်းဖြစ်မိပြီး ကိုယ်တိုင်သွားရောက် ကာကွယ်ချင်သော်လည်း အရင်ကအခြေအနေမပေးခဲ့။ အခုမှပဲ အကောင်အထည်ဖော်နိုင်တော့သည်။

“ ဆီးချိုရှိနေတော့ ချုပ်ရိုးက တော်တော်နဲ့ မကျက်ဘူးဖြစ်နေတာ ”

ထွန်းကိုကိုက အသက်  ၄၀ ရှိပြီဖြစ်သော လူနာအမျိုးသား၏ လက်ကပတ်တီးကို ဖြေကြည့်ပြီး ချုပ်ရိုးကို စူးစမ်းသလို ကြည့်၍ ပြောလိုက်၏။
လူနာက မုဆိုးတစ်ယောက်ဖြစ်သည်။  တောကောင်ကို ဓားနဲ့လှီးဖြတ်နေတုန်း အမှတ်မထင် လက်ချော်ပြီး လက်ဖမိုးကသွေးကြောကိုထိသွားသဖြင့် သွေးများစိမ့်အိုင်ပန်းထွက်လာခဲ့သည်။ လူနာသည်
ကြောက်အားလန့်အားဖြစ်ကာ သွေးတိတ်သွားစေရန် ဟပြဲကြောင်းဒဏ်ရာထဲသို့ ဖုန်မှုန့်သဲပွင့်များဖြင့် ဖိသိပ်လာခဲ့၏။

အဲသည်တုန်းက ထွန်းကိုကိုသည် လူနာအား ဂရုဏာဒေါသဖြင့် ဆူပူရင်း ဒဏ်ရာထဲက အညစ်အကြေးတွေစင်ကြယ်သွားအောင် ရေဖြင့် အရင်ဆေးကြောရလေသည်။ နောက်မှ ပိုးမဝင်အောင် ဆေးရည်ဖြင့် ထပ်ဆေးပေးရသည်။ ဒဏ်ရာသည် အတော်နက်၍ အနည်းငယ်ကြီးသဖြင့် သူ ထုံးဆေးမသုံးဘဲ လေးငါးချက်လောက်အစိမ်းချုပ်လေရာ လူနာက အံကိုတင်းတင်းကြိတ်၍ စူးရှနာကျင်မှုကို တစ်ချက်ကလေးမှ မငြီးငြူမိအောင် တောင့်ခံနေခဲ့သည်။
သူ ဒဏ်ရာကို စနစ်တကျ သေသပ်စွာ ချုပ်ပြီးသွားသည့်နောက်
ပတ်တီးဖြင့် ကျကျနန စည်းပေးလိုက်ပါသည်။ ထို့နောက် Tetanus vaccine
( မေးခိုင်ကာကွယ်ဆေး ) ထိုးပေးလိုက်ကာ သောက်ဆေးအဖြစ် အနာသက်သာစေဖို့အတွက် Paracetamol ၊ ပိုးသတ်ဆေး Flumox နှင့်
အရောင်ကျဆေး Denzen တို့ပေးထားခဲ့ပြီး
ဆေးကုန်သွားပါက ထပ်လာပြဖို့ သူ
သေသေချာချာ မှာထားခဲ့၏။ ထို့ကြောင့် ယခု
ပတ်တီးအသစ်လဲပြီး ဆေးထည့်ဖို့ရယ်၊ သောက်ဆေးကုန်သွားတာကြောင့်ရယ်
လူနာ ဆေးခန်းသို့ ဒုတိယအကြိမ် ရောက်လာခြင်းဖြစ်သည်။

Dear Doctor Handsome [ Unicode + ZawGyi ]Where stories live. Discover now