Chapter ( 12 ) *

41.1K 3.5K 81
                                    

တစ်ခုသော တနင်္ဂနွေမနက်ခင်းငါးနာရီခွဲအချိန်မှာ စိုင်းမင်းခန့် အိပ်ရာကမနိုးစဖူးနိုးလာခဲ့သည်။ သူနိုးနိုးလာချင်း ဘာရယ်မဟုတ် အရင်ဆုံးလှမ်းကြည့်မိသည်မှာ ဆရာ့အိပ်ရာဖြစ်သည်။ ကုတင်ပေါ်မှာ ဆရာမရှိပေ။ ဘယ်သွားတာပါလိမ့်။

ရေချိုးခန်း တံခါး ဖျပ်ခနဲ ပွင့်လာသည်ကိုမြင်လိုက်ရသဖြင့် စိုင်း မျက်စိမှိတ်လိုက်ကာ အိပ်ချင်ယောင်ဆောင်နေလိုက်သည်။ ဗီဒိုတံခါးဖွင့်သံ၊ အဝတ်စချင်းပွတ်တိုက်သံတို့ကို တိတ်ဆိတ်လှတဲ့မနက်ခင်းမှာ ပြတ်သားကြည်လင်စွာ ကြားနေရ၏။ စိုင်း မျက်စိကိုမပွင့်တစ်ပွင့်ဖွင့်၍ အသာချောင်းကြည့်လိုက်သောအခါ
အားကစားဝတ်စုံအပြည့်ဖြင့် ဆရာတစ်ယောက် အခန်းပြင်ထွက်သွားသည်ကို တွေ့လိုက်ရပါသည်။ ဆရာက မနက်တိုင်း အားကစားလုပ်နေကြလား။

စိုင်း ပြန်အိပ်ဖို့ မကြိုးစားတော့ဘဲ အိပ်ရာကနေ ကမန်းကတမ်းထလိုက်ပြီး မြန်ဆန်သွက်လက်စွာ ကိုယ်လက်သန့်စင်မှုပြုလိုက်၏။ ထို့နောက်တွင်တော့ ဆရာ့နောက်သို့ ကမန်းကတန်းပြေးလိုက်လာခဲ့လေသည်။
ဆရာကျုံးဘေးသွားတာပဲဖြစ်မည်ဟု
တထစ်ချယုံကြည်နေစိတ်ဖြင့် စိုင်းမင်းခန့်
တစ်ယောက်တည်း ကျုံးဘေးသို့ ထွက်လာခဲ့သည်။ အဆောင်နဲ့လည်းနီးသော ၊ မနက်တိုင်း လေ့ကျင့်ခန်းလုပ်ဖို့ လေကောင်းလေသန့် အရနိုင်ဆုံးသော အကောင်းဆုံးနေရာဟာ ကျုံးဘေးပဲ မဟုတ်ပါလား။

ဤသို့ဖြင့် စိုင်းမင်းခန့်သည် နှစ်ဆယ့်ခြောက်ဘီလမ်းမကြီးအတိုင်း ညာဘက်ကပ်လျက် လမ်းလျှောက်လာရင်း စီဒိုးနားဟိုတယ်ကြီးရှေ့ရောက်သောအခါ လမ်းဖြတ်ကူးပြီး ကျုံးပလက်ဖောင်းပေါ်တက်လိုက်သည်။
ကျုံးကန်ရေပြင်ကြီး တစ်လျှောက်မြောက်ဘက်တည့်တည့်မှာရှိတဲ့ မန္တလေးတောင်ကြီးက စိုင်း၏ စိတ်အာရုံကိုညှို့ယူဖမ်းစားထားသဖြင့် ထိုခဏမှာ ဆရာ့ကိုမေ့သွားလောက်တဲ့အထိ စိုင်း ရင်သပ်ရှုမောဖြစ်နေမိသည်။ သိပ်လှတဲ့ မန္တလေးပဲ။ မနက်ခင်း ကျုံးဘေးသည် စောစောထ လမ်းလျှောက်သူများ၊ လေ့ကျင့်ခန်းလုပ်သူများနှင့် စည်ကားလျက်ရှိနေသည်။

Dear Doctor Handsome [ Unicode + ZawGyi ]Where stories live. Discover now