Chapter ( 14 ) *

41K 3.2K 25
                                    

မနက်ခင်းအိပ်ရာကနိုးထလာချိန်၌ မနေ့ညကလောက် ညှိုးနွမ်းနုံးခွေသလို မခံစားရတော့ဘဲ တော်တော်လေး သက်သာနေခဲ့ပြီ။ ထို့ကြောင့် စိုင်း အတန်းတက်ဖို့ ဆုံးဖြတ်လိုက်၏။

ရေပတ်တိုက်ပြီး အပြာနုရောင် ချည်သားရှပ်အင်္ကျီ ခပ်ပွပွ လဲဝတ်လိုက်ပြီးနောက် မီးဖိုခန်းရှိရာသို့လျှောက်လာခဲ့လေရာ ထမင်းစားစားပွဲပေါ်မှာ ဆရာပြင်ဆင်ပေးသွားခဲ့သော ဆန်ပြုတ်နှင့်သောက်ဆေးတချို့ကိုတွေ့ရသည်။ ပန်းကန်ပြား၏ အောက်မှာ အဝါရောင်လေးထောင့် စာရွက်ကလေးကို မြင်သာအောင် ဖိထား၏။ ကောက်ယူကြည့်တော့ အင်မတန် ဆရာဝန်ဆန်ဆန် ခပ်သော့သော့ လက်ရေးဖြင့် ရေးထားသော တိုတောင်းသည့်ဝါကျ တစ်ခုကိုသာတွေ့ရသည်။ စိုင်း ထိုဝါကျကို သေချာ အာရုံစူးစိုက်၍ အသံထွက်ဖတ်ရပါသည်။

" မသက်သာရင် အတန်းမတက်နဲ့ " တဲ့။

စိုင်း လှစ်ခနဲ ပြုံးမိသွား၏။ ဆရာ့ ဆန်ပြုတ်ကိုကုန်အောင်ကြိုးစား သောက်လိုက်ပြီးနောက် ဆေးသောက်ရသည်။
ပထမဆုံးအတန်းချိန်ကို နာရီဝက်တိတိ ကျော်လွန်သွားခဲ့ပြီဖြစ်တာကြောင့် အချိန်ကျ ဘာသာပြဆရာကို ခွင့်တောင်းပြီးဝင်လိုက်ရမှာ အားနာသဖြင့် ဒုတိယအတန်းချိန်ရောက်မှပဲ တက်တော့မည်ဟု ဆုံးဖြတ်လိုက်သည်။ ထို့ကြောင့် အဆောင်ကမထွက်သေးဘဲ နာရီဝက်ကျော်ကျော်လောက် ဂိမ်းဆော့၍ အချိန်ဖြုန်း နေလိုက်ရပြီး အတန်းချိန်နီးတော့မှ သူ စာသင်ခန်းဆီ ထွက်လာဖြစ်ခဲ့ပါသည်။

" ဟာ ... စိုင်း၊ သက်သာသွားပြီလား " ကျော်ဇောကမေး၏။

" အေး မနေ့ညကထက်စာရင်
တော်တော်သက်သာသွားပြီ "

" ဘာအချိန်လဲ "

" ဆရာထွန်းကိုကိုရဲ့အချိန် "

ပြောရင်းဆိုရင်း တိုက်ဆိုင်စွာ စာသင်ခန်းထဲ ဆရာရောက်လာသဖြင့် သူတို့အားလုံး မတ်တပ်ရပ်လျက် နှုတ်ဆက်လိုက်ကြသည်။

ထိုင်နေကျခုံမှာ စိုင်းကိုတွေ့လိုက်ရသဖြင့်
ဆရာ့မျက်ခုံးတွေ ပင့်တက်သွား၏။
စိုင်း လှိုက်လှဲစွာ ပြုံးပြလိုက်သည်။ သို့သော်
ဆရာသည် နည်းနည်းလေးမှ ဖော်ရွေဟန်မပြဘဲ
ဘာမှမမြင်လိုက်သလို အကြည့်လွှဲသွားခဲ့လေသည်။
ဆရာ့မျက်နှာကို အလွတ်ရလုနီးပါး အမြဲအကဲခတ်နေလေ့ရှိသော စိုင်းက ဆရာ၏ သိသိသာသာ အေးစက်စိမ်းကားမှုကို သတိပြုမိသွားသည်။ နေမကောင်းသည့်ကြားက အတန်းလာတက်လို့ စိတ်ဆိုးသွားတာဖြစ်မည်။
ထို့ကြောင့် အတန်းချိန်ပြီးသောအခါ စိုင်းသည် ဆရာ့နောက်သို့ ကမန်းကတန်း ‌ထလိုက်လာခဲ့သည်။

Dear Doctor Handsome [ Unicode + ZawGyi ]Where stories live. Discover now