Uni

လူပျိုလှည့်တေး

အပိုင်း ၈


လင်းလောသည် “ရွှေပန်းပွင့်လေးပွင့်” မှာ သူတို့ကို အဘယ်ကြောင့် အမြဲတမ်း အထင်သေးနေသည်ကို သိလာခဲ့သည်။

“ရှောင်ဖီရှီးကို သူ့အလှကြောင့် ငါတို့စိုက်ကြည့်လို့ အဲ့လိုဖြစ်တာမဟုတ်ဘူး၊ သူတို့ပုံစံက သူများနဲ့မတူလို့ ကြည့်မိတာပဲဖြစ်ဖြစ်ပေါ့၊ တခြား အကြောင်းအရင်း တစ်ခု ရှိသေးတယ်၊ အဲ့ဒါက လျန့်ဇီ ကြောင့်ပဲ” ဟုလောင်းလောက ရှင်းပြလိုက်သည်။

ချူးကျောက်က စူးစမ်းလိုစိတ်ဖြင့် မော့ကြည့်ကာ “နင့်အတိတ်ဘဝတုန်းက သူတို့ရဲ့ ဘိုးဘေးတွေရဲ့ သင်္ချိုင်းတွေကို မတော်မလျော်တွေ သွားလုပ်ခဲ့လို့များလား”

“မဟုတ်ဘူး၊ အဲ့လို မဟုတ်ဘူး” လင်းလောက လေးနက်စွာ ပြန်ဖြေခဲ့သည်။ “ဒါပေမယ့် ငါတို့ကို ဒီအဆောင်အခန်းမှာ ပြောင်းနေဖို့အဆိုင်းကျလာတုန်းက  သူတို့တွေ ကျောင်းသားထောက်ပံ့ရေးဌာနကို သွားပြီး ငါတို့အဆိုင်းကျလာတဲ့ အဆောင်အခန်းနဲ့ လဲဖို့လုပ်ခဲ့တယ်လို့ ကြားတယ်၊ အဲ့ကျောင်းသား ထောက်ပံ့ရေးဌာနက ဆရာမက ငါ့ဆီဖုန်းဆက်ပြီး သူတို့နဲ့လဲချင်လားလို့ မေးခဲ့ပေမယ့် ငါလည်း ထပ်ပြောင်းရမှာ အလုပ်ရှုပ်လွန်းလို့ မလဲတော့ဘူးလို့ ပြောလိုက်တယ်၊ အဲ့ကိစ္စကြောင့် အဲ့ရွှေပန်းပွင့်လေးပွင့်က ငါတို့ကို အငြိုးထားတာဖြစ်မယ်”

“ဘာလို့ သူတို့က ငါတို့အခန်းနဲ့ လဲချင်နေရတာလဲ” ကျင်းရှီက အံ့အားသင့်စွာ မေးလိုက်သည်။ “ငါတို့တွေက အထပ်အတူတူပဲလေ၊ အခန်းတွေ မျက်နှာမူထားတာကလည်း တစ်ဖက်တည်းကို အတူတူပဲ၊ အဲ့တော့ အခန်းတွေအားလုံးက တစ်ပုံစံတည်းပဲ မဟုတ်ဘူးလား”

“အားလုံး ချွတ်စွပ်မတူဘူးဟဲ့!” လင်းလောက လေးနက်စွာပြောလိုက်သည်။ “သူတို့ဖက်အခြမ်းက ယောက်ျားလေး အများစုက တခြားကောလိပ်က အကောင်တွေ၊ ငါတို့ဖက်မှာ ရှိတဲ့ဟာတွေက အမျိုးသား ကာကွယ်ရေး အကယ်ဒမီက ကောင်တွေ၊ အဲ့တော့ ဘာကွာလဲ သိလား”

လူပျိုလှည့်တေး (ဘာသာပြန်)Where stories live. Discover now