1

136 9 0
                                    

Unicode

လူပျိုလှည့်တေး

အပိုင်း ၁

ပူပြင်းသော နွေရာသီ မွန်းတည့်ချိန်တွင် နေရောင်ခြည်သည် အလွန်ပြင်းထန်သဖြင့် လူတို့၏အရေပြားကို နာကျင်ပြီး ယားယံစေသည်။

ကျင်းရှီသည် သူမ၏ နက်မှောင်ပြီး သေးငယ်သော သမင်မျက်လုံးနှင့် တူသော မျက်လုံးများကို မှေးကာ ခေါင်းကို အနည်းငယ်မော့လိုက်ပြီး သူမအဆောင်အရှေ့ရှိ ယောကျ်ားလေးအဆောင်ကို ကြည့်လိုက်သည်။

လေပြည်က တိုက်ခတ်လာသဖြင့် အဆောင်၏ လသာဆောင်တွင် လှမ်းထားသော ဘောင်းဘီတိုကို လှုပ်ခါသွားစေသည်။

သူမသည် ခေါင်းငုံ့ပြီး နှာခေါင်းပေါ်ရှိ ချွေးသီးများကို သုတ်လိုက်ကာ စာများရေးထားသော စာရွက်လေးတစ်ရွက်ကို ဆွဲထုတ်ရန် အိတ်ကို လှမ်းယူလိုက်သည်-

ယောကျ်ားလေးအဆောင် ၈၊ အခန်း ၅၁၀။

ယနေ့သည် သူမ၏ ကျောင်းပထမဆုံးတက်သည့်နေ့ဖြစ်သည်။ သူမသည် စစ်ဖြစ်နေသည့်အတိုင်း တစ်မနက်လုံး ပြေးလွှားရင်း ဝင်ခွင့်စာတစ်စောင်ကို ဆုပ်ကိုင်ကာ ကောလိပ်ထဲရှိ ထီးများထားရာနေရာကို ရှာဖွေကာ မှတ်ပုံတင်ဖို့ ဖောင်ဖြည့်ရန် လူအုပ်ကို တိုးဝှေ့ ဖြတ်လျှောက်ကာ နောက်ဆုံးတွင် သူမ၏ အဆောင်အခန်းသော့ကို ရယူနိုင်ခဲ့သည်။

သို့ပေမယ့် သူမ ထွက်လာချိန်တွင် သူမ၏ အနီရောင် ခရီးဆောင်အိတ် ပျောက်ဆုံးနေသည်ကို တွေ့ရှိခဲ့သည်။

ထိုအိတ်ထဲ၌ ယောကျာ်းလေးအဆောင် ၈၊ အခန်း ၅၁၀ဟု အကြမ်းဖျင်းရေးသားထားသော မှတ်စုတစ်ခုရှိနေသည်။

ကျင်းရှီ ပထမဆုံးတွေးလိုက်သည်မှာ လုံခြုံရေးဌာနသို့သွားပြီး အကူအညီတောင်းရန်ဖြစ်သည်။ သို့ပေမယ့် ထိုနေရာကို ရောက်သောအခါမှာ ပျောက်ဆုံးသွားသော ပစ္စည်းများကို ရှာဖွေပေးဖို့ တိုင်ကြားရန် လာရောက်ကြသော ကျောင်းသားများနှင့် မိဘများ ပြည့်ကျပ်နေတဲ့ လျှောက်လမ်းကို တွေ့ရှိခဲ့သည်။

ဘီမြို့တော်တက္ကသိုလ်သည် အလွန်ကြီးမားပြီး ရှုပ်ထွေးသော မြေပြင်အနေအထားဖြင့် မြေဧကထောင်ပေါင်းများစွာ ကျယ်ဝန်းသည်။ ကျောင်းသားသစ်များ၊ အပြင်လူများနှင့် မိဘများစသဖြင့် ထိုလူအုပ်ကြီး၏ ရုတ်ရုတ်သဲသဲ ဖြစ်နေမှုကြီးကို သတိမထားပဲ ရှောင်ရှားဖို့ရန်မှာ ခက်ခဲလှသည်။

လူပျိုလှည့်တေး (ဘာသာပြန်)Where stories live. Discover now