2

76 8 0
                                    

Unicode

လူပျိုလှည့်တေး

အပိုင်း ၂

လူရှစ်ယောက်နေသည့် အဆောင်အခန်းသည် စိတ်ဆင်းရဲစရာ မြင်ကွင်းတစ်ခုပင်ဖြစ်သည်။

ကျင်းရှီသည် အဆောင်၏ တံခါးဝတွင်ရပ်ကာ သတ္တုချောင်းလေးချောင်းသာ တင်ထားသော ကွပ်ပြစ်လို ကုတင်လေးလုံးနှင့် အခန်းကျဉ်းလေးထဲသို့ လှမ်းကြည့်ရင်း လုံးဝဆိတ်သုဉ်းသွားသော နေရာတစ်ခုလို ခံစားလိုက်ရသည်။

လသာဆောင်တွင် ကောင်မလေးတစ်ယောက်သည် လေပြင်းတိုက်ခတ်ပြီး မိုးရေများအကြား သူမ၏ အဝတ်များကို အခြောက်ခံရန် လှမ်းနေကာ သီချင်းဆိုနေသည်။ “မုန်ညှင်းပင်လေးရေ၊ မြေကြီးမှာ ဝါထိန်နေ”

ထိုအဆိုတော်ကောင်မလေး၏ အမည်မှာ လင်းလောဖြစ်ပြီး ကျင်းရှီသည် နွေရာသီအားလပ်ရက်တွင် သူတို့အတန်း၏ ဂရုချက်တ်ကို ဝင်ခဲ့စဉ် သူမကို အခန်းဖော်အဖြစ် တွေ့ဆုံခဲ့သည်။

ကျင်းရှီသည် သူမ၏ ခရီးဆောင်အိတ်ဖြင့် အဆောင်အခန်းထဲသို့ ဝင်လိုက်သောအခါ လင်းလောသည် ဝမ်းနည်းသော အမူအရာဖြင့် သူမဖက်သို့ လှည့်ကာ “ရှစ်ယောက်ခန်းတဲ့အေ၊ ပျော်လား မပျော်ဘူးလား အံ့သြလား မအံ့သြဘူးလား”

ကျင်းရှီသည် ထိုစိတ်ညစ်စရာကောင်းသော ကုတင်ပေါ်တွင် ထိုင်ချလိုက်ပြီး အားကိုးရာမဲ့သလို ခံစားလိုက်ရသည်။ “အခုခေတ်မှီနေပြီလေ၊ ဘာကြောင့် ဒီလို အဆောင်တွေ ရှိနေရတာလဲ၊ လူ့သဘာဝကို ဖျက်စီးနေတာလား”

“ဒီနှစ် တက္ကသိုလ်ဝင်ခွင့်ရတဲ့ ကျောင်းသူဦးရေက ကျောင်းသားတွေထက် အဆပေါင်းများစွာ များနေတယ်တဲ့၊ အဲ့တော့မိန်းကလေးအဆောင်တွေမှာ လူတွေကြိတ်ကြိတ်တိုးနေတာမလို့ သူတို့ကို ရှစ်ယောက်ခန်းအဖြစ် ပြောင်းလဲလိုက်တယ်လို့ ကြားတယ်” လင်းလောက ရှင်းပြခဲ့သည်။

ထိုအကြောင်းပြောနေရင်း လင်းလောက ကျင်းရှီဘေးမှာထိုင်ပြီး “ကျောင်းက ကျောင်းသူတချို့ကို ယောကျ်ားလေးအဆောင်မှာ ရက်အနည်းငယ်ကြာ နေလို့ရအောင် ပြောင်းရွှေ့ဖို့ စဉ်းစားနေတယ်ဆိုပြီး ကောလဟာလတစ်ခုကြားထားတယ်” ဟုလျှို့ဝှက်ဆန်းကြယ်စွာ ပြောပြလိုက်သည်။

လူပျိုလှည့်တေး (ဘာသာပြန်)Wo Geschichten leben. Entdecke jetzt