Chapter 13

339 49 1
                                    

ကောင်းတဲ့အရာတွေဆိုတာမရှိဘူး(1)
.

ရှန်းလုစကားများက ဒဲ့တိုးဆန်လွန်းသဖြင့် ကြမ်းတမ်းသည်ဟု ဖော်ပြနိုင်သည်။

“လူကြီးတွေရှေ့မှာ ဒီလိုမျိုးပြောဖို့ မင်းကိုဘယ်သူက သင်ပေးလိုက်တာလဲ?”
အဖေရှန်းကအပြစ်တင်တဲ့လေသံဖြင့် သူမကိုကြည့်လာသည်။

သူကရှန်းလုအနေနဲ့လူကြီးတွေရှေ့မှာ ဒီလိုစကားမျိုး မပြောသင့်ဘူးလို့သာ ပြောခဲ့တာဖြစ်ပြီး ရှန်းလုရဲ့စကားတွေက မှားတယ်လို့တော့ မပြောခဲ့ပါဘူး။

ကျန်းယိနဲ့သူ့မိဘနှစ်ပါးစလုံး သည်းမခံနိုင်ကြပဲသူတို့ရဲ့မျက်နှာတွေမှာ စိတ်မသက်မသာဖြစ်နေတဲ့ လက္ခဏာများပြသလာကြသည်။

သို့ပေမဲ့ အဖေကျန်းက ထက်မြက်တဲ့ စီးပွားရေးသမားဖြစ်တာနဲ့အညီ ချက်ချင်း ပြုံးပြီးမတ်တပ်ထရပ်လိုက်ကာ ....
"ရှောင်လုရေ အနုပညာနယ်ပယ်မှာ အဲ့လိုမျိုး ကောလာဟလတွေကို အန်ကယ်တို့ကြားခဲ့ရပေမယ့် အဲဒါတွေကို သိပ်ဂရုမစိုက်ပါဘူး အန်ကယ်ရောက်လာတာကလည်း မင်းကို တောင်းပန်ချင်လို့ပါ ဒါပေမဲ့အန်ကယ်က ဒီနေ့မှာမင်းကိုဒီနေ့ဒီစကားလည်းပြောချင်တယ် ဟိုဆယ်လီလေးကို မင်းစိတ်ကျေနပ်အောင်အန်ကယ်ဖြေရှင်းပေးမယ်"

"အဖေ!!"

လက်ရှိတွင်ကျန်းယိမှာသိသိသာသာဒေါသထွက်နေပြီး စကားပြောဖို့အချိန်ကောင်းမဟုတ်မှန်းသိပေမယ့် ပြောလိုက်တုန်းပဲ။
" နင်းလင်ကဘာအမှားမှမလုပ်ထားဘူး သူကအပြစ်ကင်း....."

"ဖြန်း!!"

အဖေကျန်းကဒေါသတကြီးနဲ့ ကျန်းယိကိုမဆိုင်းမတွပါးရိုက်လိုက်ပြီး.... “မင်း ဒီမှာ ပြောပိုင်ခွင့် မရှိဘူး! မင်းကအခွင့်ထူးခံတစ်ယောက်လို့ထင်နေတာလား?"

“အန်ကယ် စိတ်ဆိုးနေဖို့ မလိုပါဘူး”

ရှန်းလုကကျန်းယိစကားကိုပြန်ကောက်ကာ အဖေကျန်းကိုကြည့်လိုက်ပြီး....." ဒီအချက်ကိုတော့ ကျွန်မကျန်းယိနဲ့သဘောတူတယ် ဒီကိစ္စကသူနဲ့ဘာမှမဆိုင်ဘူး သူများတွေကိုဖိနှိပ်ဖို့အာဏာကိုသုံးတာမမျှတပါဘူး ဒီစေ့စပ်ထားတာကိုဖျက်သိမ်းပြီး ကျန်းယိကိုသူချစ်တဲ့သူနဲ့ပွင့်ပွင့်လင်းလင်းပေးတွဲလိုက်ဖို့ပဲမျှော်လင့်တယ် ရိုးရိုးသားသားပြောရရင် ဒါကကျွန်မတို့နှစ်ဦးနှစ်ဖက်စလုံးအတွက်အကျိုးရှိတယ်လေ"

"ဗီလိန်များ" ရသစုံရှိုးကနေ နာမည်ကြီးလာတယ်Where stories live. Discover now