Chapter 7

485 79 1
                                    

တစ်ညကိုယွမ် 50,000၊ နှစ်ညဆို 20%လျော့ပေးမယ်(1)
.

သေချာပေါက် ရှန်းလုကအသေးစိတ်အဖြေကိုပေးလို့မရပေ။ သူမကပြုံးရုံသာပြုံးပြီး တစ်လုံးတည်းပြောလိုက်တယ်။
" လျှို့ဝှက်ချက်"

barrage မှတ်ချက်တွေမှာ ??တွေဖြင့်ပြည့်နှက်သွားပြီး ခန့်မှန်းလို့မရလေ ပိုသိချင်စိတ်ပြင်းပြလာကြလေပါပဲ။

[ လခွမ်း ရှန်းလု နင်သိပ်အကြင်နာမဲ့တာပဲ]

[ အဖြေကိုမသိရဘူးဆိုရင် ငါဒီညအိပ်ပျော်မှာမဟုတ်ဘူးလို့!!!!]

[ ဝူးဝူးဝူးး သူဘာပြောလိုက်တာလဲဆိုတာ တစ်ယောက်ယောက်များငါ့ကိုပြောပြပေးနိုင်မလား?]

ဒါပေါ့ ပရိုဂရမ်အဖွဲ့ကဝန်ထမ်းတွေလည်း 'လျှို့ဝှက်ချက်' နဲ့ပတ်သတ်ပြီးသိချင်စိတ်ပြင်းပြနေကြပေမယ့် ပြီးခဲ့တဲ့အဖြစ်အပျက်မှာ သူတို့ကရှန်းလုကိုမတရားစေခဲ့သလို ခံစားရတာကြောင့် လက်ရှိတွက်ဆက်လက်ဖိအားမပေးရဲပဲ ဒီအကြောင်းအရာကို အလျင်အမြန်ကျော်သွားဖို့သာတတ်နိုင်သည်။

ယခင်စည်းမျဉ်းတွေအရ ရှန်းလုနဲ့ရွှီဇယ်ကတစ်ဖွဲ့တည်းဖြစ်တာကြောက့် ရွှီဇယ်ကလည်းအကျိုးအမြတ်ထွက်ပြီး အခန်းAကိုရခဲ့သည်။ ပရိုဂရမ်အဖွဲ့ကဧည့်သည်တွေအတွက် နှစ်ခန်းစီကို A,B,C ဟုကတ်ပြားတပ်ပြီး စုစုပေါင်းအခန်းခြောက်ခန်းပြင်‌ဆင်ထားပေးသည်။ ထို့ကြောင့် လင်းယန့်ယန့်နဲ့ယဲ့လုကအခန်းB ကိုရခဲ့ပြီး စုန့်ဇီချန်းနဲ့ကျန်ကျင့်ကအခန်းCကိုရခဲ့ကြသည်။

# သင်အလုပ်ပိုကြိုးစားလေ သင်မုန်းတဲ့သူကပိုကံကောင်းလာလေပဲ#

ဒါပေမယ့် ကံကောင်းစွာနဲ့ရှန်းလုက ရွှီဇယ်ကိုတကယ်မုန်းတာမဟုတ်တာကြောင့် သူမကစိတ်ထဲမထားခဲ့ပါဘူး။ တစ်ဖက်တွင် သူမရဲ့ကြိုးပမ်းမှုကျေးဇူးနဲ့ ယဲ့လုကအခန်း B ကိုရသွားလို့ လင်းယန့်ယန့်မှာအတော်လေးမပျော်မရွှင်ဖြစ်နေပုံရသည်။

နောက်ဆုံးတွင် ပရိုဂရမ်အဖွဲ့ကသူတို့ကို အနားယူဖို့နာရီဝက်ပေးပြီး ကိုယ့်အခန်းထဲမှာအိတ်တွေသွားထားဖို့ ခွင့်ပြုပေးခဲ့သည်။ အခန်း Cကအရိုးရှင်းဆုံးဖြစ်ပြီး တစ်ယောက်အိပ်ကုတင်တစ်လုံးရယ် ထိုင်ခုံတွေဖြင့်စားပွဲခုံရယ်သာရှိသည်။ ကျန်ကျင့်ကစီနီယာတစ်ယောက်အနေနဲ့ ဒီအခြေအနေတွေကိုပိုပြီးလက်ခံနိုင်သည်။ စုန့်ဇီချန်းမှာမှတ်တမ်းရုပ်ရှင်ရိုက်ကူးနေစဉ်အတွင်း အများကြီးပိုပြီးကြမ်းတမ်းတဲ့ပတ်ဝန်းကျင်အတွေ့အကြုံရှိတာကြောင့် သူ့မှာလည်းမကျေမနပ်ညည်းညူစရာမရှိပေ။

"ဗီလိန်များ" ရသစုံရှိုးကနေ နာမည်ကြီးလာတယ်حيث تعيش القصص. اكتشف الآن