Chapter 8

470 85 3
                                    

တစ်ညကိုယွမ် 50,000၊ နှစ်ညဆို 20%လျော့ပေးမယ်(2)
.

ပထမဆုံးဝင်သွားပြီး မဲပေးတဲ့သူကရှန်းလုပင်။ ရှန်းလုသည်လုံးဝတွေးစရာမလိုပဲ အမြင့်ဆုံးရမှတ်ဆယ်မှတ်ကို လင်းယန့်ယန့်နာမည်တပ်ထားတဲ့ ပုံးထဲချက်ချင်းထည့်လိုက်သည်။ သူမနဲ့အတူလိုက်လာတဲ့ PD မှာအလွန်အံ့အားသင့်သွားသည်။
" ရှန်းလောင်ရှစ်ကလင်းလောင်ရှစ်နဲ့ ဆက်ဆံရေးကောင်းတာလား?"

ထိုစကားတွေပြောရချိန်မှာပင် သူကမရိုးမဖြောင့်ဖြစ်နေသကဲ့သို့ခံစားရသည်။

သူမကိုတစ်ခါမှကောင်းကောင်းမဆက်ဆံဖူးတဲ့ လင်းယန့်ယန့်ကိုရှန်းလုကဘာကြောင့်မဲပေးတာလဲဆိုတာ ဘယ်သူကမှနားမလည်နိုင်တာကြောင့် barrage မှာ ??တွေနဲ့ပြည့်နှက်သွားသည်။

နှစ်စက္ကန့်လောက်စဉ်းစားပြီးနောက် ရှန်းလုဖြေလိုက်သည်။
" ဟင့်အင်း ကျွန်မတို့မရင်းနှီးပါဘူး ဒါပေမယ့် ကျွန်မသူ့ကိုမမုန်းဘူးလေ"

ကျန်ရှိတဲ့ရမှတ်ကတ်တွေကိုတော့ ရှန်းလုသည်အနိမ့်ဆုံးရမှတ်ဖြစ်တဲ့နှစ်မှတ်ကို စုန့်ဇီချန်းကိုပေးလိုက်သည်။ ပါးလျက်နားလျက်ခွေးနံပါတ် ၁ရော ပါးလျက်နားလျက်ခွေးနံပါတ် ၂ရောကတစ်‌ယောက်မှကောင်းတဲ့သူတွေမဟုတ်တာကြောင့် ပါးလျက်နားလျက်ခွေးနံပါတ် ၃ကိုလည်းသူမကသဘာဝအလျောက်ပင်မနှစ်သက်ပေ။

ကျန်တဲ့အဖွဲ့ဝင်တွေလည်းမဲပေးဖို့ တစ်ယောက်ပြီးတစ်ယောက် အထဲဝင်လာကြပြီးမှ ကိုယ့်အခန်းဆီကိုယ်ပြန်သွားပြီးစောင့်ဆိုင်းလိုက်သည်။ ဆယ်မိနစ်ကြာပြီးနောက် ရှန်းလုရဲ့အခန်းတံခါးကိုခေါက်လာသည်။

ဝန်ထမ်းတစ်ယောက်ကလင်ဗန်းတစ်ခုနဲ့ အခန်းထဲဝင်လာပြီး သူ့လက်ထဲမှာတော့ အထီးကျန်နေရှာတဲ့ဘန်းမုန့်ပေါင်းတစ်ခုပင်။ သူကရလဒ်ကိုကြေညာရင်း တောင်းပန်စကားဆိုလာသည်။
" တောင်းပန်ပါတယ် ရှန်းလောင်ရှစ် ဒီအချီမဲပေးမှုမှာ အဆင့်ခြောက်ချိတ်ခဲ့လို့ ဘန်းမုန့်ပေါင်းတစ်ခုပဲရပါတယ်"

ရှန်းလုသည်ရလဒ်ကိုတည်ငြိမ်စွာလက်ခံလိုက်ပြီး..." ငရုတ်သီးဆော့စ်လေးများပါလား?"

"ဗီလိန်များ" ရသစုံရှိုးကနေ နာမည်ကြီးလာတယ်Where stories live. Discover now