Chapter 3

461 81 6
                                    

ဒီရှိုးမှာအချို့ယွင်းဆုံးကအရာကတော့– ပုံမှန်လူတွေပါပဲ (2)
.

ယဲ့လုအထဲဝင်လာတော့ မျက်နှာထားကသိပ်မသာယာလှဘူး။ သူကဒီရသစုံရှိုးကိုလာဖို့ဆန္ဒမရှိတာသိသာပြီး အေးဂျင့်ကလာဖို့ဖျောင်းဖျခဲ့တာ ဖြစ်နိုင်ခြေအရှိဆုံးပါပဲ။ ထို့နောက် သူကရှန်းလုနဲ့အဝေးဆုံးခုံမှာဝင်ထိုင်လိုက်သည်။ နှစ်ယောက်သားကကြားမှာနဂါးငွေ့တန်းကြီးခြားနေသည့်အလား ဆိုဖာနှစ်လုံးရဲ့ဟိုဖက်ထိပ် ဒီဖက်ထိပ်မှာထိုင်နေကြသည်။

မှတ်ချက်တွေချက်ချင်းစည်ကားသက်ဝင်လာသည်။

[ ဟားးဟားးဟားး ယဲ့လုမှာလည်းဒီလိုနေ့မျိုးရှိတာပဲ!]

[ ရှယွမ်ရဲ့ဖန်တွေကိုကျေးဇူးတင်ကြရအောင်! သူတို့ကြိုးကြိုးစားစားvoteပေးခဲ့တာမရှိပဲ ဒီနေ့ယဲ့လုဆိုတာရှိမှာမဟုတ်ဘူး]

[ ဒီလိုရသစုံရှိုးမျိုးကိုလာရလို့ အာဏာရှင်ငယ်လေးကစိတ်ဆိုးနေတာလား? ဟားဟားဟားး သနားစရာကောင်းလိုက်တာ ဒါပေမယ့် ဒါကသူနဲ့တန်တယ်လို့ပြောရမယ် ကိုယ့်အဖွဲ့ဝင်ဆီက စာသားတွေကိုလုယူပြီး ဘုရင်လိုမျိုးပြုမူနေတုန်းက ဒီလိုနေ့မျိုးရောက်လာမယ်ဆိုတာမတွေးထားဘူးလား?]

ဒါပေမယ့် သူ့ရဲ့အမည်းရောင်ဖန်တွေအပြင် ယဲ့လုမှာဖန်အတော်များများရှိပါသေးသည်။ ဒီဖန်အုပ်စုကချက်ချင်းပဲ ယဲ့လုရဲ့ဂုဏ်သတင်းကိုကာကွယ်ဖို့ မှတ်ချက်တွေကြားမှာ စတင်ငြင်းခုံတော့ပြီး မှတ်ချက်တွေမှာအလျင်အမြန်ဆူပူအုံကြွလာသည်။

ဒါပေါ့ စတူဒီယိုထဲကရှန်းလုနဲ့ယဲ့လုကြားမှာတော့ တိတ်ဆိတ်ခြင်းသာရှိသည်။ နှစ်ယောက်စလုံးကလူယဉ်ကျေးတွေမဟုတ်တာကြောင့် တွေ့မြင်နေကြရသစုံရှိုးတွေက အချင်းချင်းနှုတ်ဆက်၊ စကားစမြည်ပြောတဲ့ လုပ်ရိုးလုပ်စဉ်တွေကို ကျော်လိုက်ကြသည်။

ဒါပေမယ့် ထိုအခိုက်တွင် ရှန်းလုသည်ယဲ့လုကို သိလိုစိတ်အကြည့်နဲ့စိုက်ကြည့်နေသည်။ ယဲ့လုကလည်းအရှက်ကြီးတဲ့သူမဟုတ်ရာ ရှန်းလုသူ့ကိုစိုက်ကြည့်နေတာသတိထားမိသွားချိန်မှာတော့ ချက်ချင်းပြန်စိုက်ကြည့်လာတယ်။ 

"ဗီလိန်များ" ရသစုံရှိုးကနေ နာမည်ကြီးလာတယ်Where stories live. Discover now