Chapter 5

460 70 1
                                    

ယဲ့လုသည်ရှန်းလုကို အစကတော့သိပ်သဘောမကျခဲ့ပေ။

သူတို့ပထမဆုံးတွေ့ဆုံတုန်းက သူမကသူ့ရဲ့ရှပ်အင်္ကျီကြယ်သီးအတပ်မှားထားတဲ့ အရှက်ရမှုကိုချက်ချင်းဖော်ထုတ်ခဲ့တယ်။ ပြီးတော့ သူမကမသက်ဆိုင်တဲ့အပြင်လူတစ်ယောက်အလား အမြဲတမ်းလျစ်လျူရှုတဲ့မျက်နှာထားကို ထိန်းသိမ်းထားခဲ့သည်။ အင်တာနက်သုံးစွဲသူတွေ vote ခဲ့တဲ့အမုန်းခံရဆုံးဆယ်လီဖြစ်နေပေမယ့် သူမမျက်နှာထားကသူတို့တွေကို အရှက်ရစေဖို့နဲ့ သူတို့ရဲ့အရှက်ကွဲမှုကို အင်တာနက်သုံးစွဲသူတွေရယ်မောရအောင် ပုံစံထုတ်ထားတဲ့ ဒီလိုရသစုံရှိုးမျိုးမှာ ပါဝင်နေရခြင်းနဲ့ပတ်သတ်ပြီး ဂရုစိုက်ကြောင်းပြသနေဟန်ထင်ရသည်။

ဒါပေမယ့် ကတ်ပြားထဲကအကြောင်းအရာကိုမြင်ပြီးနောက်မှာ သူကအနည်းငယ်ဘာပြောရမှန်းမသိဖြစ်သွားခဲ့တယ်။ ထိုအလွန်အမင်းစော်ကားထားတဲ့စကားလုံး‌တွေကိုကြည့်ရတာ ရှန်းလုကိုမပြောနဲ့ သူပင်မသက်မသာဖြစ်ရသည်။ ပရိုဂရမ်အဖွဲ့ကသူမကို တမင်သက်သက်ပစ်မှတ်ထားနေတာ သိသာပါသည်။

ရှန်းလုလည်းဒီလူတွေနဲ့ အငြင်းအခုံမလုပ်ချင်ပေ။ ဒါရိုက်တာအဖွဲ့ပြောသွားသလိုပဲ သူတို့ကအမိန့်နာခံရုံသာဖြစ်သည်။ ထို့ကြောင့် သူမကတိုက်ရိုက်ပင်..." ကျွန်မကိုငါးမိနစ်အချိန်ပေး ဖုန်းတစ်ချက်လောက်ခေါ်မလို့"

ရှန်းလုတစ်ယောက်တည်း အပေါ်ထပ်တက်လာပြီး ကင်မရာတွေနဲ့တခြားမည်သူမှမရှိတဲ့ သီးသန့်ခန်းထဲ ဝင်လိုက်သည်။ ထိုဖုန်းခေါ်ဆိုမှုက သဘာဝအလျောက်ပင် ကျန်းယိကိုခေါ်တာဖြစ်သည်။

သုံးကြိမ်ဖုန်းသံမြည်ပြီးနောက် နောက်ဆုံးမှာပင်ပန်းနွမ်းနယ်သံပေါက်နေတဲ့အမျိုးသားက ပြန်ဖြေလာသည်။
" ဘာကိစ္စလဲ?"

ကွေ့ပတ်ပြောမနေပဲ ရှန်းလုတိုက်ရိုက်ပြောလိုက်တယ်။
" ထုတ်လုပ်ရေးအဖွဲ့ကလူတွေက ရှင့်ကုမ္ပဏီကဆိုတော့ ဒါကရှင်စီမံထားတာလား?"

ဒါပေမယ့် မေးခွန်းကိုပြန်ဖြေရမယ့်အစား ကျန်းယိက..." မင်းနင်းလင်ကိုတောင်းပန်သင့်တယ်"

ထိုစကားကိုယ်တိုင်က အဖြေဖြစ်နေပြီ။

ရှန်းလုကသူချစ်မြတ်နိုးရတဲ့အမျိုးသမီးကို အနိုင်ကျင့်ခဲ့တယ်လို့ ကျန်းယိကယုံကြည်တာကြောင့် သူမကိုတောင်းပန်အောင် သူကဒီနည်းနဲ့ဖိအားပေးချင်သည်။

"ဗီလိန်များ" ရသစုံရှိုးကနေ နာမည်ကြီးလာတယ်Where stories live. Discover now