Chapter 9

463 78 7
                                    

ငါနင့်ကိုကြိုက်တယ်လို့ပြောခဲ့တဲ့အချိန်တိုင်းထက် ပိုပြီးအသိစိတ်ရှင်းနေတယ် (1)
.

ရှန်းလုရဲ့စကားကို ဘယ်လိုပြန်ချေပရမလဲဆိုတာ လင်းယန့်ယန့်မသိသလို စကားတစ်ခွန်းမှမပြောနိုင်လို့ အလွန်ဒေါသဖြစ်ရသည်။ ထိုအခိုက်တွင် ဒါရိုက်တာကသူတို့ရဲ့အောင်မြင်မှုကို ကြေညာလာသည်။

ရှန်းလု လင်းယန့်ယန့်ကိုကြည့်ပြီး ချီးကျူးလိုက်တယ်..." နင်တော်တယ် ငါတို့နိုင်ပြီ"

လင်းယန့်ယန့်: "??!!"

နေအုံး....ရှန်းလုကသူမကိုချီးကျူးနေတာလား?

မဟုတ်သေးဘူး အနိုင်ရတာကသူမအကျိုးဆောင်လို့ပဲ! ဒါကအမှန်တရား ချီးကျူးစကားမဟုတ်ဘူး!

ပရိုဂရမ်တစ်ခုလုံးရိုက်ကူးပြီးသွားတာတောင်မှ လင်းယန့်ယန့်သည်သူမရဲ့မူလရညမရွယ်ချက်ကို မမေ့သေးပဲ ရှန်းလုကိုမပြောင်းမလဲမုန်းတီးနေသည်။

ရှန်းလုသည်သဘာဝအလျောက်ပင် သူမအပေါ်လင်းယန့်ယန့်ရဲ့ရန်လိုမှုကိုခံစားနိုင်သည်။ ထို့ကြောင့် ရိုက်ကူးရေးပြီးဆုံးလို့ ထွက်မသွားခင်မှာ ရှန်းလုတိုက်ရိုက်ဖွင့်ဟမေးလိုက်သည်။
" လင်းယန့်ယန့် နင်ငါ့ကိုမုန်းနေတာလား?"

လင်းယန့်ယန့် ခဏမျှကြက်သေသေသွားပြီးနောက် ရှန်းလုရဲ့အရှိုက်ကို တမင်တကာထိုးနှက်လိုက်သည်။
" ဒါပေါ့! နင့်မှာကိုယ်ပိုင်အသိတရားမရှိဘူးလား? ငါကနင်းလင်လိုသိမ်မွေ့ပြီးညှာတာတတ်တဲ့ ညီအစ်မလှလှလေးကိုသဘောကျတာ နင်ကသူ့ခြေဖျားတောင်မယှဉ်နိုင်ဘူး!"

လင်းယန့်ယန့်သည်နင်းလင်ကိုလုံးဝသဘောမကျပေမယ့် နင်းလင်အကြောင်းပြောခြင်းက ရှန်းလုကိုဒေါသထွက်အောင်လုပ်နိုင်မှန်း သိထားတာကြောင့် ဒီလိုမျိုးရှန်းလုကိုတမင်တကာရန်ဆွခြင်းပင်။

" သိပြီ"
ရှန်းလုသည်ခံစားချက်အတတ်အကျအနည်းငယ်သာပြသလျက် နားလည်သဘောပေါက်ကြောင်း ခေါင်းညိတ်ပြလိုက်သည်။
" ဒါဆိုငါလည်းနင့်ကိုသဘောမကျတော့ဘူး"

ထိုသို့ဆိုပြီးနောက် ရှန်းလုသည်သိပ်မဝေးတဲ့နန်နီကားဆီသို့လျှောက်သွားပြီး လင်းယန့်ယန့်ကိုချန်ထားခဲ့သည်။

"ဗီလိန်များ" ရသစုံရှိုးကနေ နာမည်ကြီးလာတယ်Where stories live. Discover now