Chapter 20

178 29 1
                                    

Unicode

အပိုင်း(၂၀)

သူတို့ ဝင်သွားလိုက်သည်နှင့်တစ်ပြိုင်နက် အပြင်ဘက်ရှိ အလင်းရောင်သည် မှေးမှိန်ပျောက်ကွယ်သွားပြီး အနီရောင်နှင့်အစိမ်းရောင် ပြိုးပြိုးပျက်ပျက် မီးများက အမှောင်ထုထဲတွင် လင်းလက်နေသည်။ တေးဂီတသံကလည်း ခပ်တိမ်တိမ် အံစာတုံးလိမ့်သံသဲ့သဲ့နှင့်အတူ ရောနှောပျံ့လွင့်နေသည်။

ကောင်းမင်သည် အလယ်ဗဟိုနားရှိ ထိုင်ခုံတစ်ခုတွင် နေရာယူလိုက်ပြီး တီးတိုးပြောလာသည် : “ဒီမျှော်စင်ကမ္ဘာကြီးထဲမှာ ကစားသမားတွေ တည်ဆောက်ထားတဲ့ အဖွဲ့အစည်းအစုံရှိတယ်။ ဒီမျှော်စင်ယန္တရားကြီးက လူအသုံးအဆောင်တွေနဲ့ အဆောက်အဦးတွေကို ထောက်ပံ့ပေးထားတယ်။ ဒီဘားလိုမျိုးပေါ့ ဒါ အဖွဲ့အစည်းတွေကနေ ဖိတ်ကြားလွှာတွေရဖို့ ဖွင့်ထားကြတာမျိုးတွေလေ။ အချိန်ကြာလာတာနဲ့အမျှ ဒီနေရာက သတင်းအချက်အလက် စုံစမ်းလို့ ဖလှယ်လို့ကောင်းတဲ့ နေရာတစ်ခု ဖြစ်လာတာပဲ။ ဘာလို့ဆို ဒီနေရာတွေက လူတိုင်းဝင်ထွက်ခွင့်ရှိတယ်လေ”

ဖိတ်ကြားလွှာဆိုသည်မှာ မျှော်စင်အထပ်တွေကိုဝင်ရန် သုံးသည့်လက်မှတ်များဖြစ်သည်။ ကစားသမားတစ်ယောက် အထပ်တစ်ထပ်ကိုရှင်းလင်းပြီးတိုင်း နောက်တစ်ဆင့်က အခက်အခဲတွေရင်ဆိုင်ရန် ဖိတ်ကြားလွှာများ ထပ်ရသည်။ ထို့အပြင် ယန့်ဝေသည်လည်း ပထမအဆင့်အောင်မြင်ပြီး ဒုတိယအဆင့်အတွက် ဖိတ်ကြားလွှာရထားပြီးဖြစ်သည်။

ဖိတ်ကြားလွှာတစ်စောင်စီသည် နောက်ထပ်ဖိတ်ကြားလွှာ ဒါဇင်လိုက် သို့မဟုတ် တစ်ခုတည်း ထုတ်ပေးနိုင်သော မစ်ရှင်ကမ္ဘာတစ်ခုဆီ ဆောင်ခေါ်သွားပေးသည်။

ပုံမှန်အားဖြင့် ကစားသမားများသည် ဖိတ်ကြားလွှာပေါ်ရှိ စကားလုံးများမှတစ်ဆင့် မိမိ၏မစ်ရှင်ကမ္ဘာကိုရွေးချယ်နိုင်သည်။ ကစားသမားသည် မိမိ၏နာမည်ကို ရွေးချယ်ထားသောဖိတ်ကြားလွှာပေါ်တွင် ရေးထိုးလိုက်သည်နှင့် ထိုသက်ဆိုင်ရာမစ်ရှင်ကမ္ဘာထဲသို့ ဆွဲခေါ်ခံသွားရမည်ဖြစ်သည်။

ဖိတ်ကြားလွှာသည် မစ်ရှင်ကမ္ဘာရွေးချယ်ရန်အတွက် အခွင့်အရေးပေးသည့် အရာတစ်ခုဖြစ်သည့်အတွက် ဤကမ္ဘာတွင် ငွေကြေးကဲ့သို့သော ဖြစ်တည်မှုပင်။ မြင်တွေ့နေကျ ဖိတ်ကြားလွှာအများစုသည် သာမာန်အခက်အခဲအဆင့်များသာဖြစ်ပြီး လွယ်ကူသော အဆင့်မျိုးကိုမူ တွေ့ရန်မဖြစ်နိုင်သော်လည်း မစ်ရှင်ကမ္ဘာရွေးချယ်ရန်တော့ ဖြစ်နိုင်ပါသေးသည်။

You've reached the end of published parts.

⏰ Last updated: May 27 ⏰

Add this story to your Library to get notified about new parts!

ငါ့မှာအမတတစ်ပိုင်းစွမ်းရည်ရှိနေတယ်[BL]Where stories live. Discover now