19.2

199 36 3
                                    

ယန့်ဝေသည် ဘေးကိုရှောင်တိမ်းလိုက်သည်။ သို့သော် ကောင်းမင်၏ခြေလှမ်းများအတိုင်း လိုက်လျှောက်နေဆဲပင်။

မျှော်စင်မှ သူတို့အားပေးသော နေရာများအားလုံးသည် တိုက်ခန်းများ ဖြစ်ကြသည်။ အဆောက်အဦးများလည်း တစ်ခုပြီးတစ်ခုပေါ်ပေါ်လာခဲ့လေသည်။ အခန်းတစ်ခုစီ၏ တံခါးများကြားရှိအကွာအဝေးသည် ကျယ်ပြန့်ပြီး အခန်းစင်္ကြံများသည်လည်း ကြီးမားကြသည်။ အခြားကစားသမားများကို တိုက်မိခြင်းမရှိဘဲ လူနှစ်ယောက် ကောင်းကောင်းလမ်းလျှောက်၍ရသည်။

ထိုအပြင်အဆင်များကြောင့် ကစားသမားများသည် သူတို့ဆန္ဒမရှိလျှင် တခြားသူများ၏အနှောင့်အယှက်များမှ ကင်းဝေးနိုင်သည်။

သူတို့သည် တိုက်ခန်းတစ်ခန်း၏ တံခါးဆီသို့ လမ်းလျှောက်သွားခဲ့ကြသည်။ ယန့်ဝေသည် ကောင်းကင်သို့ မော့ကြည့်ခဲ့ပြီး မြင့်မားသောအဆောက်အဦးကြီးများသည် အစစ်အမှန်ကမ္ဘာကြီးမှ ကွာခြားမှုမရှိသည်ကို မြင်တွေ့ခဲ့ရသည်။ သူမေးလိုက်သည် : ‘’ မင်းက ငါအရင်ဆုံးအပြင်ထွက်မှာကို စိုးရိမ်နေခဲ့တာက အပြင်မှာ ဘာတွေဖြစ်ခဲ့လို့လဲ”

၎င်းသည် မေးခွန်းတစ်ခုအစား အတည်ပြုချက်တစ်ခုသာဖြစ်ခဲ့သည်။ ဆင်ခြင်သုံးသပ်နိုင်စွမ်းရှိသော ကောင်းမင်သည် လမ်းကိုဆက်လက်ဦးဆောင်နေခဲ့သည်။ သူသည် ယန့်ဝေဆီသို့ သူ၏ခေါင်းကို လှည့်လိုက်ပြီး : ‘’ဘာတွေဖြစ်ခဲ့လဲဆိုတာ စဥ်းစားမနေနဲ့တော့။ ငါမမျှော်လင့်ထားပေမယ့် လမ်းလျှောက်ရင်း စကားပြောကြရအောင်။ ငါ့နောက်ကို အရင်လိုက်ခဲ့ ပြီးမှပြန်မေး’’ဟု အနည်းငယ်မြန်မြန် ပြောခဲ့သည်။

ယန့်ဝေသည် အနည်းငယ်ရယ်ပြီး ပြောလိုက်သည် : ‘’မင်းအလျင်လိုနေတယ် ပြီးတော့ ငါ့ကိုမလိမ်ဘူးမလား’’

ကောင်းမင်သည် သူ၏စွမ်းရည်မှာ အကန့်အသတ်ရှိသော်လည်း သူသည် ပြင်းထန်သောအခိုက်အတန့်တွင် bossများကို တားဆီးရန် သူ့မျက်လုံးများအားဖောက်ထုတ်ရလောက်တဲ့အထိ နာကျင်မှုများကို သည်းခံခဲ့ရလေသည်။

‘’အတိုချုပ်ပြောရရင် အရင်ဆုံး မင်းကို အခြေခံကျတဲ့ တချို့အရာတွေကို ပြောပြမယ် မစ်ရှင်ကမ္ဘာရဲ့ ကြားကာလအတောအတွင်းမှာ အဲ့တာကို မင်းကိုယ်တိုင် ရှာတွေ့နိုင်တယ်။ ငါသိထားတဲ့အရာတွေက အခြေခံအကျဆုံး အချက်အလက်တွေပဲ။ မျှော်စင်နဲ့အစစ်အမှန်ကမ္ဘာကြားမှာရှိတဲ့ အထောက်အပံ့ပစ္စည်းတွေအားလုံးက အတူတူပဲ စားဝတ်နေရေး၊ ဖျော်ဖြေမှုတွေနဲ့ မစ်ရှင်ကမ္ဘာကရရှိတဲ့ စွမ်းရည်တွေကို သင်ကြားပေးတဲ့နယ်မြေတွေ ရှိတယ်။ သဘာဝလွန်စွမ်းအားတွေရှိတဲ့ကစားသမားတွေမှာ ရှိကြတဲ့အရာတွေကလွဲရင် ရုပ်ပိုင်းဆိုင်ရာအခြေအနေနဲ့ အာရုံခံနိုင်မှုအခြေအနေတွေက အစစ်အမှန်ကမ္ဘာကြီးမှာ မရနိုင်တဲ့ ငါတို့ရဲ့တစ်ခုတည်းသော မတူညီတဲ့အရာဖြစ်တယ်’’ ကောင်းမင်သည် သူ၏လက်ကိုဆန့်ပြီး ပြောလာသည် : ‘’ ငါတို့က ငါတို့ရဲ့ သေခြင်းရှင်ခြင်းတရားကို ထိန်းချုပ်နိုင်စွမ်းမရှိဘူး’’

ငါ့မှာအမတတစ်ပိုင်းစွမ်းရည်ရှိနေတယ်[BL]Where stories live. Discover now