Chapter-4[part-2]

393 64 2
                                    

【Unicode】

Chapter 4[part-2]

အမျိုးသမီးဘေးတွင်ရပ်နေသော သွေးများဖုံးလွှမ်းနေသည့်အစောင့်က ထိတ်လန့်စရာကောင်းစွာဖြင့်

"တစ်ခုခုအဖိုးတန်တာများတွေ့လို့လား"

"ဟမ်...."

ထိုအမျိုးသမီးလည်း ခဏလောက်ထိတ်လန့်သွားသည်။ သူမ၏ခြေထောက်များက အားပျော့လာပြီး ချွေးများပင်စို့လာသည်။သူမမှာကြောက်လန့်စွာဖြင့်

"မျက် မျက်နှာ ကျွန်မထင်တာကတော့ အဲဒါ..."

"မင်းရဲ့မျက်လုံးတွေက လှလိုက်တာ"

"ကျေး ကျေးဇူးပါ..."

အစောင့်က ရှေ့သို့လျှောက်လာကာ သူမအားပြုံးပြလိုက်ပြီး

"ကောင်းကောင်းအနားယူပါ"

ထို့နောက်တွင်တော့ ထိုအစောင့်မှာ ကော်ရစ်တာသို့ဝေးသထက်ဝေးစွာလျှောက်သွားသည်မှာ ထောင့်အစွန်းနားတစ်ဝိုက်၌ပျောက်မသွားခင်အထိဖြစ်သည်။

ဂါဝန်နှင့်အမျိုးသမီးသည် သက်ပြင်းအရှည်ကြီးချလိုက်ကာ သူမ၏ခြေထောက်များသည် ပျော့ခွေလာပြီး ကြမ်းပြင်ပေါ်သို့ ဖြည်းဖြည်းချင်းပြုတ်ကျသွားသည်။

သူမခဏလောက်တော့ အနားယူနေလိုက်သည်။သူမ ပြန်ထနိုင်ချိန်တွင် သတိပြန်ဝင်လာခဲ့ပြီး သူမ၏မိတ်ကပ်အား မဖျက်လိုက်သေးသောကြောင့် အန္တရာယ်နှင့်မကြုံတွေ့လိုက်ရကြောင်း သိလိုက်ရသည်။

ထို့ကြောင့် မိတ်ကပ်အား လုံးဝမဖျက်ရန်သူမဆုံးဖြတ်လိုက်ကာ နံရံအားထိန်းကိုင်၍ သူမဖြည်းဖြည်းချင်းထလာခဲ့သည်။ ထို့နောက် ဒေါသကြီးစွာလျှောက်လာပြီး

"ငါဘာမှမဖြစ်ခဲ့ဘူး သူပြောခဲ့တာက ငါတို့ဆီပြန်လာမယ်လို့…..."

ယန့်ဝေနှင့်ယန့်မင်ကွမ်းတို့မှာ အခန်းနံပါတ် ၅၏ ရှေ့သို့ရောက်ရှိခဲ့ကြသည်။

စားသောက်ဆိုင်နှင့် ဟိုတယ်ဧည့်ခန်းသည် ပထမအလွှာတွင်ရှိနေပြီး အခန်းနံပါတ် ၅ကတော့ ၁၄ထပ်မြောက်တွင်ရှိခဲ့သည်။ သူတို့ဓာတ်လှေကားအသုံးပြုခဲ့သည့်လမ်းကြောင်းတစ်လျှောက်အရ ယခုဟိုတယ်တွင် စုစုပေါင်း ၁၅ထပ်ရှိသည်ကို တွေ့ခဲ့ရသည်။

ငါ့မှာအမတတစ်ပိုင်းစွမ်းရည်ရှိနေတယ်[BL]Where stories live. Discover now