Chapter-4 [part-1]

338 59 0
                                    

【Unicode】

Chapter 4 (part-1)

အဆိုးဆုံးအခန်းဟုခေါ်သော ထိုနေရာတွင် ယန့်ဝေသေချာပေါက်နေချင်ခဲ့သည်မဟုတ်ပေ။

သို့သော်ငြား ယခုလေးပင်ရရှိခဲ့သော သူ၏အတွေ့အကြုံများအားအခြေခံ၍ အစောင့်၏စီစဥ်မှုများအား ငြင်းဆန်ခွင့်မရှိတော့သည်မှာထင်ရှားလေသည်။

သူတို့သည် သေမင်းခံတွင်းဝမှလွတ်မြောက်လာပြီးသော်လည်း အခြားအခန်းများတွင်ပုန်းကွယ်နေသောအန္တရာယ်များရှိနေမည်ကိုမသိနိုင်ပါ။

ယန့်ဝေသည် ငယ်စဥ်ကတည်းကပင် အသက်မွေးဝမ်းကြောင်းအလုပ်တော်တော်များများတွင် ပါဝင်လုပ်ကိုင်ဖူးသူဖြစ်၍ အပြင်လောကကြီးမှအတွေ့အကြုံအတော်အသင့်လောက်တော့ရှိထားပြီးဖြစ်သည်။ သူ၏အဆက်အသွယ်များမှတဆင့် သည်းထိတ်ရင်ဖိုဇာတ်လမ်းတွဲများအပါအဝင် ဇာတ်လမ်းတော်တော်များများတွင် ရုပ်ရှင်တည်းဖြတ်သူအဖြစ် အလုပ်လုပ်ခဲ့သေးသည်။

ယခုကဲ့သို့ဇာတ်ကွက်မျိုးမှာ သည်လိုနေရာမျိုးတွင် ယုတ်ညံ့သောအရာများသည် သင့်ကိုအချိန်မရွေးပစ်မှတ်ထားကာသင်၏သေခြင်းတရားအားဦးတည်သည့်အစပျိုးမှုများမကြာခဏဖြစ်လေ့ရှိမည်ပင်။

ထိုအရာက သူကော်ရစ်တာတွင်မြင်ခဲ့သော တဖျတ်ဖျတ်ခတ်နေသည့်မျက်လုံးများလိုပင်ဖြစ်သည်။

အစပျိုးသူအား အချိန်မှီမဖယ်ရှားနိုင်ခဲ့ပါကနောက်ဆုံး တစ္ဆေ သို့မဟုတ် မကောင်းဆိုးဝါးများပေါ်လာသည့်အချိန်တွင် အရာအားလုံးက အချည်းနှီးဖြစ်ကုန်လိမ့်မည်။

သူ့ကိုတော့ အဆိုးဆုံးအခန်းတွင်တာဝန်ယူရန်သတ်မှတ်ပေးခံရသောကြောင့် ထိုနေရာတွင်ပင်နေရမည်။ ထို့နောက် အစပျိုးနေသောအခြေအနေများကိုဖြိုဖျက်ရန် ပထမဆုံးခြေလှမ်းအားလှမ်းရမည်။

ယန့်‌ဝေမျက်မှောင်ကြုတ်မိလိုက်သည်။ သူကအခန်းကတ်အားသိမ်းထားမည်ပြောသောအခါ အစောင့်က

"ဧည့်သည်အခန်းတွေကနှစ်ယောက်ခန်းတွေချည်းဖြစ်နေတော့ လူကြီးမင်းနဲ့အတူနေမယ့်အခန်းဖော်ကိုရွေးဖို့လိုအပ်ပါလိမ့်မယ်”

ငါ့မှာအမတတစ်ပိုင်းစွမ်းရည်ရှိနေတယ်[BL]Where stories live. Discover now