Chapter 10

253 44 0
                                    

အပိုင်း(၁၀) : Promenade Hotel(၁၀)

ယန့်ဝေသည် ကောင်းမင်၏ အမူအရာအား မြင်လိုက်ချိန်တွင် သူ၏ မှန်းဆချက် မှန်နေကြောင်း သိလိုက်သည်။

ဘာကိုမှမသိသေးသော ကစားသမားအသစ်အနေဖြင့် စရောက်ကတည်းက ဒီလူနှစ်ယောက်သည် ကွာခြားလှသည်။ ဤကမ္ဘာသို့ ဝင်ရောက်လာစဥ်ကတည်းက ကောင်းမင်သည် အခြားသူများကဲ့သို့ အပြင်းအထန်တုံ့ပြန်ခြင်းမရှိဘဲ အတော်တည်ငြိမ်ပြီး လှေကားများသည် စိတ်ကူးဖြင့် မှန်းဆရသော အယူအဆဟူ၍ အဆိုပြုခဲ့သည့် ပထမဦးဆုံးကစားသမားလည်းဖြစ်သည်။ သူသည် အရင်ကတည်းက လှေကားများသည် ဟိုတယ်ထဲတွင် တကယ်ရှိနေသော လှေကားနှင့် ဆက်စပ်မှုမရှိကြောင်း သိနေသည့်အလား အခြားကစားသမားများကဲ့သို့ လှေကားအပေါ် အာရုံလာခြင်းပင်မရှိပေ။

စွန်းရှီသည် ကောင်းမင်ကဲ့သို့ ကမ္ဘာကိုရှင်းလင်းရာတွင် မကျွမ်းကျင်သော်လည်း 'အသက်ကယ်သည့်ပစ္စည်း' ဟူသည့် စကားစုကိုအား ပြောလာသည်။ ဤသည်ကို ကြည့်ခြင်းအားဖြင့် စွန်းရှီသည်လည်း ကစားသမားအသစ်မဖြစ်နိုင်‌ချေ။

စင်္ကြံတစ်ဝိုက်သည် တိတ်ဆိတ်ငြိမ်သက်ပြီး ထိတ်လန့်စရာကောင်းလှသည်။ တစ်လျှောက်လုံးတွင် ပုံတူပန်းချီများနှင့် မှန်များ ပြန့်ကျဲနေပြီး အလင်းရောင် ခပ်အေးအေးသည်လည်း ရောင်ပြန်ဟပ်နေသည်။ ယန့်မင်ကွမ်းသည် ဓားကို သိမ်းလိုက်ပြီး တိတ်တဆိတ်ထိုင်ချလိုက်သည်။ သူသည် ယန့်ဝေ၏ စကားများကို ပြန်လည်တုံ့ပြန်လာခြင်းပင်မရှိဘဲ၊ ယန့်ဝေကို ခိုင်းစေညွှန်ကြားသည့် သူတစ်ယောက်ကဲ့သို့‌ပင်။

ကောင်းမင်က စိတ်လှုပ်ရှားစွာဖြင့် သူ၏ မျက်မှန်ကို ပင့်တင်လိုက်သည်။

ယန့်ဝေ ပေါ့ပေါ့ပါးပါးဖြင့် ပြောလာသည်မှာ "ဒါက တကယ့် ကစားပွဲ ဒါမှမဟုတ် သေရေးရှင်ရေးကမ္ဘာဖြစ်ပါစေ၊ ဒီကိုဝင်ရဖို့ အမိန့်ရှိနေသရွေ့ ကစားသမားဟောင်းတွေ ရှိနေမှာက ပုံမှန်ပါပဲ၊ ဒါပေမဲ့  မှတ်မိတာတော့ ကစားသမားတွေက ပထမအထပ်ကို အရင်ရှင်းပြီးမှ နောက်အထပ်တွေ ရောက်မယ်လို့ မျှော်စင်က ပြောခဲ့တာမလား။ ပြီးတော့ မင်းတို့နှစ်ယောက်ကလည်း....ငါတို့ကို သိစေချင်တဲ့ပုံ မပေါ်ဘူး"

ငါ့မှာအမတတစ်ပိုင်းစွမ်းရည်ရှိနေတယ်[BL]Where stories live. Discover now