15.2

250 50 0
                                    

ယန့်ဝေနှင့် အပေါင်းအပါများသည် ဓာတ်လှေကားထဲသို့ ဝင်သွားပြီးနောက် ယန့်မင်ကွမ်းသည် သံလိုက်ကတ်ကို ထုတ်ယူကာ ပွတ်ဆွဲလိုက်၏။ သူသည် သေချာပင် မီးလင်းနေသော ခလုတ် ‘-၁’ ကို နှိပ်လိုက်သည်။

တစ္ဆေများကို ချည်နှောင်ထားသော ကန့်သတ်ချက်များသည် ပိုမိုအားနည်းလာပြီး ဟိုတယ်တစ်ခုလုံး ထူးဆန်းသည့် လေထုကြီး ဖုံးလွှမ်းသွားသည်။ ဓာတ်လှေကားအတွင်းအပါအဝင် ဟိုတယ်ထဲရှိ အလင်းရောင်အားလုံးသည် အချိန်နှင့်အမျှ အမှောင်ကျသွားလိုက်ဖြင့် မှိတ်တုတ်မှိတ်တုတ်ဖြစ်နေသည်။

မြေအောက်ထပ်တွင် ဓာတ်လှေကား ရပ်ပြီး တံခါးကြီးပွင့်သွားသောအခါ ဓာတ်လှေကားထဲ၌ အလင်းရောင် ပြန်ရလာလေသည်။

သွေးနံ့ပြင်းပြင်းသည် နှာခေါင်းထဲသို့ ဝင်ရောက်လာသည်။ အပြင်ဘက်တွင် လုံးဝအမှောင်ကျနေပြီး ပတ်ဝန်းကျင်သည်လည်း မူမမှန်စွာ တိတ်ဆိတ်နေသည်။ ထိုသို့ဆိုသော်လည်း သူတို့သည် အပေါ်ထပ်က ပန်းချီကားများဆီမှ မျက်လုံးအတွက် ရေရွတ်နေသံတိုးတိုးကို ကြားနေရသေးသလိုပင်…....။

ချွန်မြသောဓားသွားသည် လေထဲတွင် ဖြတ်တောက်သွားကာ ယန့်မင်ကွမ်းသည် အရင်ခြေလှမ်းလိုက်ပြီး တိုးတိုးလေး ပြောလာခဲ့သည် : “ငါ့နောက်က လိုက်ခဲ့”

ယန့်ဝေနှင့် ကောင်းမင်သည် ယန့်မင်ကွမ်း၏နောက်သို့ လိုက်သွားကြသည်။

သူတို့ ခြေလှမ်းအများကြီး မလှမ်းရသေးခင်မှာပင် ကြမ်းပြင်မှာ စိုစွတ်နေကြောင်း ယန့်ဝေ သတိထားမိလာသည်။

ခပ်ဖြည်းဖြည်းနှင့် သတိကြီးစွာထား၍ ပတ်ဝန်းကျင်ကို ခံစားမိစေရန် လက်လှမ်းလိုက်သည် : “....စက်တမျိုးမျိုးကို ထိမိသွားတယ်ထင်တယ်...သတ္တုလိုအသားမျိုးနဲ့ လက်ကိုင်တစ်ခု....ခဏလေး ဒါက ပြေးစက်ပဲ မြေအောက်ထပ်က အားကစားရုံပဲ—အာ သေစမ်း!”

သူသည် အားကစားပစ္စည်းတစ်ခုကို ခလုတ်တိုက်မိသွားသည်။

သူ၏ရှေ့တွင် လမ်းလျှောက်နေသောသူသည် ချက်ချင်းပြန်လှည့်လာကာ ပြုတ်ကျတော့မလိုဖြစ်သွားသော သူ့အား ဖမ်းဆွဲလာခဲ့သည်။ ထိုလူ၏လက်မှ စိတ်အေးသက်သာရှိစေသည့် နွေးထွေးမှုကို ခံစားမိသော်လည်း အသံမှာတော့ အေးစက်နေကာ : “အဆင်ပြေလား”

ငါ့မှာအမတတစ်ပိုင်းစွမ်းရည်ရှိနေတယ်[BL]Tahanan ng mga kuwento. Tumuklas ngayon