Chapter-1(part1) [Promenade Hotel]

991 99 2
                                    

[Part-1]

【Unicode 】

ညအမှောင်သည်နက်ရှိုင်းလာပြီး ကောင်းကင်တွင် ကြယ်များပင်ထွက်ပေါ်နေပြီဖြစ်သည်။

ယန့်ဝေသည် သူ၏မျက်လုံးများအား အသာမှိတ်ကာ ကုတင်ပေါ်တွင် အိပ်စက်နေခဲ့သည်။ကော့ညွတ်နေသော မျက်တောင်များက အနည်းငယ် လှုပ်ခတ်နေပြီး နှာတံစင်းစင်းနှင့် ပါးလှပ်သော နှုတ်ခမ်းလွှာများကာ မြင်မိသူအဖို့ ထိုနေရာမှတစ်ချက်ကလေးမျှပင် အကြည့်လွှဲလိုက်ချင်မည်မဟုတ်။

ဖုန်းသံ ဆက်တိုက်ထွက်ပေါ်လာပြီး ထိုအသံက နားစည်သို့တိုက်ရိုက် တိုးဝင်လာသောကြောင့် သူနိုးလာခဲ့သည်။

အိပ်ချင်မူးတူးမျက်လုံးများအား ပွတ်လိုက်ပြီး အချိန်အား သတိထားကြည့်လိုက်မိချိန် ညပင်ရောက်နေပြီဖြစ်သည်။
'သူတစ်နေ့လုံးအိပ်ပျော်သွားတာလား...'

ဖုန်းက ဆက်၍မြည်နေလေသည်။

ယန့်ဝေအချိန်အကြာကြီးအိပ်လိုက်မိသော်လည်း ပင်ပန်းနေသေး၏။ဖွင့်ထားသောပြတင်းပေါက်များမှတဆင့် ဝင်ရောက်လာသောညလေပြည်က သူ၏ပါးပြင်အား ညင်သာစွာရိုက်ခတ်သွားသဖြင့် အနည်းငယ်တော့အိပ်ချင်ပြေသွား‌သည်။

ယန့်ဝေ ဖုန်းမျက်နှာပြင်မှ ခေါ်ဆိုသူနာမည်အားတစ်ချက်ကြည့်လိုက်တော့ စိတ်ပညာဆိုင်ရာ သုတေသနကို အထူးပြုယူထားသော သူ၏သူငယ်ချင်းဖြစ်လေသည်။

"ဘာလဲ"

ပြတင်းပေါက်အား ယန့်ဝေပျင်းရိစွာမှီလိုက်သည်။ညလေပြည်က သူ့အား အိပ်ချင်ပြေစေရန် အကူအညီပေးနေလေသည်။

ဖုန်းသံအဆုံးမှာတော့ သူငယ်ချင်းဖြစ်သူအသံထွက်လာပြီး

"ငါဖုန်းခေါ်နေတာကြာပြီလေ မင်းဘာလို့မကိုင်တာလဲ"

"အိပ်ပျော်နေတာ"

"မင်းဒီလောက်တောင်အိပ်ရလား"

"အေး ငါ့အိပ်မက်ဆိုးထဲမှာ မင်းတောင်ပါချင်ပါနေမှာ"

"......."

တစ်ဖက်က ခဏမျှတိတ်သွားပြီးမှ ဆက်ပြောသည်။

"ငါမင်းကိုပြောစရာရှိတယ်ယန့်ဝေ ငါတို့ဆေးရုံက မကြာခင်ကပဲ ပရောဂျက်အသစ်တစ်ခုရထားတယ် အဲဒါကိုစိစစ်ဖို့ မင်းရဲ့ကျွမ်းကျင်မှုကို အသုံးချပြီးငါ့ကိုကူညီပေးပါလား"

ငါ့မှာအမတတစ်ပိုင်းစွမ်းရည်ရှိနေတယ်[BL]Where stories live. Discover now