𝒫𝓊𝒹𝒹𝒾𝓃𝑔 🐾🍮
Part - 22
"ကိုကိုသိလား ကံကောင်းတာလေ ပူတင်းပင်လယ်ထဲမျောသွားတော့မလို့ "
အားပါပါတိုက်ခတ်နေတဲ့ပင်လယ်လေတွေကြားမှာ သူ့နည်းတူတကိုယ်လုံးစိုရွဲနေတဲ့ ကောင်လေးအားသဘတ်အဖြူရောင်အကြီးကြီးပဲ သိမ်းထုပ်ပတ်ထားပေးပြီး ဂယူရပ်ကြည့်နေမိသည်။
သူ ဘာစကားသံမှမထွက်နိုင်တာ ၁၀ မိနစ်ပင်မကလောက်တော့။ ဝေ့ဝဲတက်လာတဲ့ မျက်ရည်တွေကို တကိုယ်လုံးစိုရွဲနေတဲ့ပင်လယ်ရေတွေနဲ့အတူ ရောနှောကာမျက်နှာကို လက်နှစ်ဖက်နဲ့ပွတ်ချမိသည်။
ရေတွေစိုနေပေမယ့် သူ့ရင်ထဲကအပူမီးဟာအခုထိမငြိမ်း။ ပြုံးစစဖြစ်နေသောပူတင်းလုံးအား သူမည်ကဲ့သို့ထိန်းကြောင်းသင့်သနည်း....
လေသံမာကြီးနဲ့ပဲအော်ဆူသင့်သလား ၊ မှတ်လောက်သားလောက်ရှိအောင်နှစ်ချက်လောက်ရိုက်ပြီး ဆူသင့်သလား ၊ ပုံမှန်အတိုင်းချော့မော့ပြီးပဲ နားဝင်အောင်လုပ်သင့်သလား သူတွေးမရ။
ခဏတာအသိဉာဏ်မဲ့သွားတဲ့လူလိုမျိုး ရေစိုနေတဲ့ပူတင်းကို သဘတ်နဲ့ပဲသုတ်ပေးနေမိသည်။
"ကိုကို ဘာဖြစ် !"
"ဘာဖြစ်ရမှာလဲ စိုးရိမ်တာပေါ့ကွ မင်း ငမန်းစာဖြစ်ချင်နေသလား ပူတင်းလုံး !"
"ကိုကိုကလည်း ဒီနားထိတော့ ငမန်းကမလာလောက်သေးပါဘူး ကျွန်တော်က ငါးလေးလှလို့ကုန်းကြည့်ရုံတင်လေ အရှိန်လွန်ပြီး သူ့ဟာသူပြုတ်ကျ..."
"သေတတ်တာ သိရဲ့လား...မင်းဘာသာရေကူးဘယ်လောက်ကျွမ်းကျွမ်း သက်ကယ်အကျီဘယ်လောက်ပါပါ ပင်လယ်ကြီးကအကျယ်ကြီးကလေးလေးရဲ့ ! ကိုကိုသာဆင်းမခေါ်ရင် လှိုင်းတွေကြားမင်းနစ်နေပြီ တကယ်ပဲ !"
ရည်းစားစဖြစ်ပြီးထဲကမပြောနဲ့ စတွေ့ထဲကတောင်တခါလေးမှ သူဒီလောက်ဆူပူတာမျိုးမလုပ်ခဲ့ဘူး။
ဝမ်းနည်းတတ်မှန်းသိလို့ အမြဲအကောင်းဘက်ကပဲတွေးပြီးစိတ်တိုင်းကျဖြစ်ပေးခဲ့တာ။ ဒီလောက်ပင်လယ်ကြီးထဲကို speed boat ပေါ်က ပြုတ်ကျတာတောင် ရယ်နေနိုင်သေးသူအား ဂယူဘင်းအံ့ဩမိရသည်။