Part - 14

628 109 14
                                    

𝒫𝓊𝒹𝒹𝒾𝓃𝑔 🐾🍮

Part - 14

"ရတယ်လေ အာ့ဆို ဖေဖေလို့ ခေါ်မယ် "

"ဘာ...ဘယ်..ဘယ်လို "

"မွေးစားအဖေဆိုလို့လေ ဖေဖေလို့ ခေါ်ပေးမယ်လို့ပြောနေတာ ကျွန်တော်ရည်းစားလေးက ဖေဖေ့ သားမက်ပေါ့ !"

"မဟုတ်သေး ပူတင်းလုံး မင်း ကိုကို့ကို ရွဲ့နေတာလား "

မရွဲ့ပါဘူး ရွဲ့တော့လည်း သားဖဇုန်က ခုန်ထွက်လို့ရနေတာကျလို့ !

ယူဂျင်းမျက်နှာကို မဲ့ထားမိသည်။ ကိုကိုသာ ထပ်ပြီး မွေးစားသားဆိုသည့်စကားကို ဆက်ပြောနေရင် သူငိုချမိတော့မှာပဲ။ အတည်ပေါက်နဲ့ ဖေဖေလို့ ထခေါ်တော့ ကိုကိုက မျက်နှာကွက်ခနဲပျက်၏။

မွေးစားအဖေလုပ်ချင်တယ်ဆို ဖေဖေခေါ်တာခံနိုင်အောင်လည်း နေအုန်းမှပေါ့ !

တသက်နဲ့တကိုယ် စာကလွဲရင် ဘာကိုမှမသိခဲ့လို့ တဖက်သတ်ကြိုက်တာတွေ ၊ နှစ်ဦးသဘောတူကြိုက်တာတွေဆိုတာ ခံစားဖူးသည်တောင်မဟုတ်။

ကိုကိုနဲ့မှပဲ သူ့ဘက်က အရင်ဖြစ်တည်တဲ့ နှလုံးသားရေးမှာ ဘာမှတောင်မစရသေးပဲ သားဖဇုန်တန်းသွင်းခံရတဲ့ သူ့ဘဝက အတော်သနားစရာကောင်းနေခဲ့ပြီ။

တခါတလေကျ ကိုကို့စိတ်ထဲမှာ သားဖဇုန်ဖြစ်နေတဲ့ သူ့ကိုယ်သူကို ဂုတ်ကနေဆွဲပြီး ထုတ်ပေးလိုက်ချင်တာပါပဲ။

ဒီနေ့ညအတွက် အစီအစဉ်မရှိပဲ ကိုကိုဟာ သူ့အိမ်ရောက်နေခဲ့ပါသည်။ အဓိက ကတော့ မေမေ့ပယောက မကင်းသည်ဖြစ်ပြီး အလုပ်ကြောင့် ညအိပ်ခရီးသွားရခြင်းအတွက် ကိုကို့ကို အဖော်အိပ်ပေးဖို့ယူဂျင်းတားနေသည့်ကြားကနေ ရအောင်သွားပြောခဲ့ပါ၏။

အရင်ထဲက မေမေ အလုပ်နဲ့ ခရီးသွားရင် ယူဂျင်းတယောက်ထဲ ကျန်ခဲ့နေကြပဲကို ချက်ချင်းဆိုသလို စိတ်မချတတ်တော့တဲ့ မေမေ့ကြောင့် အခု သူ့အိပ်ခန်းမှာ ကိုကိုတယောက်သောင်တင်နေခဲ့ပြီလေ။

ဒါကို ကိုကိုကလည်း မငြင်းတဲ့အပြင် အွန်ပါပါးကိုပါ ခေါ်ပြီး အိမ်ထဲရောက်လာခဲ့တော့တာပဲ။ ဆေးခန်းပိတ်ပြီးရင် ပြန်နေကျ ကွန်ဒိုဆီပြန်မအိပ်တော့ပဲ ပူတင်းလုံးအိမ်မှာ အဖော်လုပ်ပေးပါမည်တဲ့။

𝒫𝓊𝒹𝒹𝒾𝓃𝑔 🐾🍮 Where stories live. Discover now