Part - 18

597 101 30
                                    

𝒫𝓊𝒹𝒹𝒾𝓃𝑔 🐾🍮

Part - 18

"အခုပြဿနာက ဘာလဲသိလား "

"ပြောစမ်းပါအုံး "

"ဟန်ပူတင်းကလေ ငါ့ကို ကိုကိုမဟုတ်ပဲ ဖေဖေကြီးတဲ့ အဲ့လိုပဲခေါ်တော့တာကွာ မင်းစဉ်းစားကြည့် "

"မစဉ်းစားချင်ပါဘူး "

တွဲပြီး တပတ်အကြာ ဟန်ပူတင်းအား ဖေဖေကြီးဂယူဘင်းမှပေးသော ရီဗြူးဟု ခေါင်းစဉ်တပ်သင့်သည်လား။

အဲ...အဲ့လိုဆို သားအဖဇုန်ပြန်ဝင်သွားမှာ...

တယောက်ထဲလျှောက်တွေးရင်း ခေါင်းခါကာ အတွေးတွေကိုပြန်ခါထုတ်ရသည်။ ပူတင်းလုံးပြောပြောနေသည့် သားအဖဇုန်ဆိုတာ ဘယ်လောက်ထိဆိုးကြောင်း ဖေဖေကြီးလို့ တပတ်လုံးအခေါ်ခံရတာနဲ့တင် ဂယူအတော်မှတ်နေခဲ့ပြီ။

"အဖြစ်က မနှစ်ကထက်ဆိုးတာလေ မင်းကို ကောင်းကောင်းကြီး ကလဲ့စားချေနေတာနေမှာ ဟန်ယူဂျင်းတကယ်ငနှောက်လေးနော် "

ကွတ်တီးကို တကိုက်ဝါးရင်း ရစ်ခီကအရယ်တဝက်ဖြင့်ပြောသေးသည်။ ဂယူဘင်းမှာတော့ ရယ်တောင်မရယ်နိုင်။ ရည်းစားဖြစ်ပြီးမှ ပြလိုက်တဲ့ ပညာတွေဆိုတာ လက်အုပ်ချီပြီး ထိုင်ကန်တော့ချင်မိတဲ့အထိလေ။

"ပူတင်းလုံး အကျီကြယ််သီးတပ်လေ ရစ်ခီရှိနေတာ "

"ဖေဖေကြီးက စိတ်ပူတာလား "

ထယ်ရီနဲ့အွန်ပါပါးကို အစာခြောက်စေ့တွေခွက်နဲ့ခပ်ထည့်ပေးနေရင်း ဂယူဘင်းကြောင်သွားမိသည်။ ဟီးခနဲ ပြုံးပြီး အနားရောက်လာတဲ့ ပူတင်းလုံးက အခုဆို သူ့ဆေးခန်းမှာ ရေချိုး ၊ တရေးအိပ် လုပ်တတ်နေခဲ့ပြီ။

သူ့အဖြစ်ကို ဟားခနဲထရယ်တဲ့ ရစ်ခီ့ကြောင့် ဂယူဘင်းမှာပိုပြီး အင်တင်တင်ဖြစ်ရသည်။

"ပူတင်းလုံးရယ် ကိုကို့မစပါနဲ့ "

"နောက်ပဲနောက် !"

အငယ်တယောက်လိုများသဘောထားနေသလားလို့ ပြန်မေးချင်ရလောက်အောင် သူ့ခေါင်းကို လက်လေးနဲ့တချက်ဆွဲဖွသေးသည်။ လက်ကောက်ဝတ်ကိုဆတ်ခနဲလှမ်းဆွဲပြီး မျက်လုံးမျက်ဆံပြူးပြတဲ့အခါ ရယ်ပြုံးလာရင်း...

𝒫𝓊𝒹𝒹𝒾𝓃𝑔 🐾🍮 Where stories live. Discover now