Part - 5

575 107 3
                                    

𝒫𝓊𝒹𝒹𝒾𝓃𝑔 🐾🍮

Part - 5

"အယ်...အိမ်ရှေ့အိမ်က ဆရာဝန်လေးပဲ "

"မင်္ဂလာပါအန်တီ...နာမည်က ဂင်မ်ဂယူဘင်းပါ ဂယူဘင်းလို့ပဲ ခေါ်လို့ရတယ်ဗျ သေချာလာမနှုတ်ဆက်ဖြစ်လို့လေ "

"အေးကွယ် အိမ်ကသားလေးက မင်းဆီသာ သွားသွားနေတာ မင်းနာမည်ကို တချက်မဟတော့ အန်တီက မသိဖြစ်နေကွယ် အိမ်ထဲဝင်လေ သားလေး "

"ဟုတ်ကဲ့ အန်တီ ဟို ကျွန်တော် ပူတင်း...အဲ ယူဂျင်းကို လာခေါ်တာဗျ ဆေးခန်းမှာ တခြားလိုအပ်တဲ့ ပစ္စည်းလေးတွေရှိလို့လေ ယူဂျင်းက ဒီနားမှာအရင်ထဲကနေတာဆိုတော့ "

"အဖော်ခေါ်ထားချင်လို့လားသား "

"ဟုတ်..ဟုတ်တယ်အန်တီ...ဒါက အန်တီ့အတွက် လက်ဆောင်ပါ ကျွန်တော့်မေမေ LA ကနေ ဝယ်လာပေးတာလေး "

"အိုကွယ် လက်ဆောင်တွေမလိုပါဘူး အန်တီကသာ မေးချင်နေတာ ဟင်းတွေပေးလွှတ်လိုက်တာက စားရအဆင်ပြေရဲ့လားလို့လေ "

"ပြေတယ်အန်တီ ပြေတာထက်ကို ပိုပါတယ် အရင်ကဆို ဆိုင်ပဲ အားကိုးနေရတာ အဲ့အတွက်လည်း အန်တီ့ကိုလက်ဆောင်ပေးချင်တာပါ...နောက်ပြီး ယူဂျင်းကို ခေါ်သွားဖို့..."

"နေဦး ခဏအိမ်ထဲဝင်ပါအုံးလားကွယ် အန်တီမေးပေးမယ် အဲ့ကလေးက ပိတ်ရက်ဆို အပြင်မထွက်ပဲ စာပဲကြည့်နေတာလေ လိုက်ပေးမလားလို့ မေးပေးမယ် သားခဏလေးနော် "

"ဟုတ်ကဲ့အန်တီ "

စနေနေ့ မနက်ခင်းမှာ ပူတင်းလုံးတို့ အိမ်ဘက်ကို နယ်ကျော်ခဲ့ပြီး ဆိုဖာမှာထိုင်စောင့်နေမိပါသည်။ ပူတင်းလုံးရဲ့ မေမေရှေ့မှာ သူမသားကို ပူတင်းလို့ပဲ ခေါ်ထွက်နေမိလို့ပါးစပ်ကို သတိထားပြီး ယူဂျင်းလို့ ပြောင်းခေါ်ရပါ၏။

LA ကို အလုပ်ကြောင့် ခဏသွားနေတဲ့ မေမေက ပြန်ရောက်တော့ လက်ဆောင်တွေဝယ်လာပေးပြီး သွားပေးဖို့ ပြောနေတာ လေး၊ ငါးရက်ပင် ရှိတော့မည်။

ဂယူက ဒီတိုင်း နောက်ထပ်လူတယောက်နဲ့ စကားစဖို့အားမရှိလို့ မပေးဖြစ်တာ နေ့ရွေ့ညရွေ့ဖြင့်။

"သားရေ ယူဂျင်းနီး အောက်မှာ အိမ်ရှေ့ဆေးခန်းကကောင်လေးရောက်နေတယ် ခဏဆင်းလာအုံး "

𝒫𝓊𝒹𝒹𝒾𝓃𝑔 🐾🍮 Where stories live. Discover now