Part - 6

556 98 0
                                    

𝒫𝓊𝒹𝒹𝒾𝓃𝑔 🐾🍮

Part - 6

"ခါတိုင်းဝယ်နေကြလိုပဲ ဟျောင်း "

"ကွတ်ကီးနဲ့ နို့ဘူးပဲ မလား "

"ဟုတ် ဒါပေမယ့် နှစ်မျိုးစီပေးပါ "

ကျောင်းသွားဖို့ လမ်းတဝက်တွင် ဟာအိုဟျောင်းဆိုင်မှာ မနက်စာဝင်ဝယ်နေတာဖြစ်သည်။ ပုံမှန် ကွတ်ကီးတထုတ် နို့ဘူးတဘူးပဲ ဝယ်တတ်ပေမယ်ံ ဒီနေ့တွင်တော့ နှစ်မျိုးဖြစ်သည်။ ဂယူဘင်းဟျောင်းအား သူငယ်ချင်းရှိတာ ကောင်းလားလို့ခပ်တိုးတိုး အကြံတောင်းကြည့်တဲ့အခါ....

"သူငယ်ချင်းဆိုတာ တယောက်လောက်ဖြစ်ဖြစ်ရှိမှလေ ပူတင်းရာ အကူအညီလည်း ဖလှယ်လို့ရတာပေါ့ " ဟု ဖြေလာသည်မို့ ဒီနေ့မှာတော့ သူ့နောက်ခုံမှာ ထိုင်တတ်ပြီး အမြဲရယ်ပြုံးနေတတ်သော ကောင်လေးအား သူငယ်ချင်းလုပ်ဖို့တွေးထားလိုက်ပါသည်။

ဒီနေ့တော့ အိမ်ကထွက်တာနောက်မကျသည်မို့ အေးဆေးလေး bus ကားစီးပြီးသွားရုံပင်။ထယ်ရီမကို ထုံးစံအတိုင်းဂယူဘင်းဟျောင်းဆီအပ်ခဲ့ပြီး ဘယ်သူ့ကိုမှ မကိုက်အောင် သေချာမှာခဲ့ရပါသေးသည်။

ပြီးခဲ့တဲ့တခေါက်က အစ်မတယောက်ကို ကိုက်လိုက်ရာကနေ ဆေးဖိုးရော လျှော်ကြေးရောကို ဂယူဘင်းဟျောင်းကပဲ အကုန်ခံခဲ့ပြီး ဘယ်လောက်ကုန်သွားသလဲ မေးတာကိုလည်း မဖြေပါ။ ဒါကြောင့် အဲ့တုန်းကအကြောင်းကိုသတိရတိုင်းဂယူဘင်းဟျောင်းအား အားနာရပါ၏။

"မင်းအတွက်..."

"အို့ ! ဘုရားရေ "

"ဘာ..ဘာလို့လဲဟင် "

"မဟုတ်ပါဘူး ထူးဆန်းလို့ အမြဲငါ့ဘက်ကပဲ စကားပြောရတာကနေ မုန့်နဲ့ နို့ဘူးအထိဆိုတော့ ကောင်းကောင််းစားပါ့မယ် "

"အွန်း...သူငယ်ချင်း လုပ်မယ်မလား "

"ငါက အစထဲကသူငယ်ချင်းဖြစ်နေပြီလို့ထင်တာလေ"

တက်ကြွနေတဲ့ သူငယ်ချင်း အသစ်စက်စက်လေးအား ပြုံးပြီးကြည့်လိုက်မိသည်။ ခက်တာက ဒီကောင့်နာမည်ကိုမမှတ်မိတာပဲ။ ဒါကြောင့်....

"မင်းနာမည်ငါမေ့သွားပြီ "

"ဂျန်ဟျောန်ဂျွန်း အသက်က မင်းနဲ့ ရွယ်တူကို Zodiac Sign က Scorpio "

𝒫𝓊𝒹𝒹𝒾𝓃𝑔 🐾🍮 Where stories live. Discover now