Part - 12

631 112 18
                                    

𝒫𝓊𝒹𝒹𝒾𝓃𝑔 🐾🍮

Part - 12

"ကျွန်တော် ကိုကို့ကို သဘောကျတယ်"

"အွန်း ကိုကိုလည်း ပူတင်းလုံးကို သဘောကျပါတယ် "

"မဟုတ်ဘူး သားဖလိုသဘောကျတာမဟုတ်ဘူးလို့ ! ရည်းစားလိုမျိုး ကျွန်တော် ကိုကို့ကိုမရိုးသားဘူး "

ဆေးပုလင်းထဲက ဆေးရည်တွေကို လေမခိုအောင်သတိကပ်ပြီးအပ်နဲ့စုပ်ယူနေရင်းက ဂယူ့လက်တွေ တန့်သွားရသည်။ ကျောပေးထားမိတဲ့ ပူတင်းလုံးကို တချက်ပြန်လှည့်ကြည့်မိတော့ ထိုကလေးက ကြမ်းပြင်ကိုခေါင်းစိုက်နေပြီး နားရွက်ဖျားတွေဟာ နီရဲတွတ်လို့။

ဂယူ ဟက်ခနဲရယ်မိရင်း....

"စိတ်ကစားနေတာပဲ လူပျိုပေါက်အရွယ်ဆိုတော့ "

ဒါလောက်ပဲ ပြောပြီး ရှေ့ပြန်လှည့်ကာ အွန်ပါပါးကို ကာကွယ်ဆေးဆက်ထိုးရသည်။ တနှစ်ပြည့်လို့ ပြန်ထိုးစရာလိုတဲ့ ကာကွယ်ဆေးကိုဆေးခန်းလူရှင်းတုန်းမှာ ထိုးရတာဖြစ်သည်။ပူတင်းလုံးကတော့ ထုံးစံအတိုင်းကျောင်းက အပြန်ထယ်ရီ့ကို ဝင်ခေါ်သည်ဖြစ်၏။

"ကိုကို ခင်ဗျားအဲ့လိုမပြောစမ်းနဲ့ ! ဘာလို့ ကျွန်တော့်ခံစားချက်ကို အလေးမထားတာလဲ "

"စိတ်ကစားနေတာပဲကို သိနေတာလေ ပူတင်းလုံးရ။ ကိုယ်လည်း မင်းအရွယ်ကနေကြီးပြင်းလာတာပဲ အသက် ၂၀ စွန်းစွန်းက ၁၆ နှစ်လောက်နှလုံးသားနဲ့ မတိမ်းမယိမ်းပါပဲ။ တချိန်လုံး ရင်ခုန်တတ်နေတာကို။ အခုက အနေနီးလို့လဲ ဖြစ်နိုင်တယ်လေ ဒါကိုအတည်မှတ်ပြီး ကိုယ်ကရင်ခုန်ပေးလိုက်ရင် မှားသွားမှာပေါ့ကွ "

ပူတင်းလုံးရဲ့ နဖူးလေးကို ဂယူ့နဖူးနဲ့အသာငုံ့တိုက်လိုက်ရင်း ထိုကလေးလက်ထဲက ထယ်ရီ့ကို ဆွဲပွေ့ခေါ်လိုက်သည်။အကြောင်းအရင်းမရှိပါပဲ ပူတင်းလုံးနားကိုရောက်ရင် ဒီလိုအထိအတွေ့တွေနဲ့ သိပ်စချင်ခဲ့တာ။ နဖူးလေးထိလိုက်ရမှ ပါးလေးဆွဲလိုက်ရမှ။

ပေါင်ဒါဘူးအသစ်ကို ပါကင်ဖောက်ကာ လက်ဖဝါးထဲ ထည့်ပြီး ထယ်ရီ့ကိုယ်လုံးကို မွှေးနေအောင်လိမ်းပေးရသေး၏။

𝒫𝓊𝒹𝒹𝒾𝓃𝑔 🐾🍮 Where stories live. Discover now