Chapter : 14

122 14 2
                                    

အိပ်ယာထဲရှိနေစဥ် ဖုန်းသံကြောင့်
ထက်ပိုင် နိုးသွားခဲ့သည်။

သို့သော် သူရင်ခုန်မိသည်။
လူတိုင်းကို ဖုန်းနံပါတ်မပေးတက်သည့်
သူ့အတွက် သူ့အား ဖုန်းဆက်မည့်
သူမှာလည်း များများမရှိနိုင်။

သို့သော် ဖုန်းယူလိုက်ချိန်တွင်
မြင်လိုက်ရသည့် နာမည်က

'ဒေါ်သူဇာနွယ်´

သူ့ အမေပဲ

~ဟယ်လို~

~သား......အိမ်ကိုလာဦးလေ၊ မာမီသားကိုပြောစရာရှိတယ်။~

~ကျွန်တော်မအားဘူး~

~သားရယ်၊ မာမီတို့မတွေ့ရတာကြာနေပြီလေ၊ တစ်ကယ်လို့ သားမအားရင်
မာမီလာခဲ့လိုက်မယ်။~

~မလိုဘူး၊ ကျွန်တော်လာခဲ့မယ်~

တီ~တီ

ပြောပြီး ဖုန်းတန်းချသွားသော သားဖြစ်သူမှာ သူမအား အလွန်မုန်းတီး
နေသည်ထင်။

အလုပ်တွေကိုရှေ့တန်းတင်ပြီး
သားကိုပြစ်ထားခဲ့မိသည်။

သို့သော် သားက သူမအပေါ် စိတ်မကွက်သေးပါ၊

ထိုနေ့....ထိုနေ့က သူမ သား ဆေးရုံ
တက်ရသည့်နေ့ပင်၊

မအားလွန်းလို့ အလုပ်ကိုပဲ ဦးစားပေးမိလို့ သား ဆေးရုံတင်တာကိုတောင်
သူတို့လိုက်မပို့ခဲ့ပဲ အိမ်အကူတွေကသာ
လိုက်ပို့ပေးခဲ့သည်။

အဲတာထက်ပိုပြီး သူမတို့အပေါ် သား
မုန်းတီးသွားသည်က သား ဆေးရုံ
ဆင်းသည့်တိုင် သူမတို့သွားမကြိုခဲ့ပါ၊

ကလေးတစ်ယောက်ကို မျက်ကွယ်ပြုထားမိခဲ့သည်။

ဆေးရုံကပြန်လာပြီးနောက် သားက
သူမတို့အပေါ် သိသိသာသာ ရှောင်ဖယ်လာသည်။

အရင်ကအမြဲတမ်း ထမင်းတူတူစားဖို့
စောင့်နေတက်သည့်သားက
ထိုအချိန်မှစကာ သူမတို့နှင့်
ဘယ်တော့မှ ထမင်းတူတူမစားတော့၊

အိမ်အကူထိန်း ပြောကာမှ
သားတွင်သွေးကင်ဆာအမျိုးစားထဲမှ
Acute lymphoblastic leukemia ဟုခေါ်သော ရောဂါ လက္ခဏာများ
ရှိနေခြင်းပင်။

သူမသား နှာခေါင်းသွေးလျှံသည့်
အချိန်ကိုတောင် သူမ သတိမမူမိခဲ့ပါ၊
သူမတို့ရအတော်လေးမှားခဲ့သည်။
သို့သော် ပြန်ပြင်ဆင်မည့်အချိန်
တွင်တော့ သူမတို့ သားလေးသည်
ပြောင်းလဲသွားခဲ့သည်။

𝑾𝒉𝒆𝒏 𝑻𝒉𝒆 𝑻𝒊𝒎𝒆 𝑰𝒔 𝑹𝒊𝒈𝒉𝒕 ʕᵒⁿᵍᵒⁱⁿᵍʔWhere stories live. Discover now