Chapter : 2

519 36 2
                                    

Unicode-

"မင်းရည်းစားထားဖို့အစီစဥ်ရှိလားထက်ပိုင်"

"မရှိဘူး"

ဒီနေ့ကသင်တန်းပိတ်ရက်ဖြစ်သည်။

ယခုရောင်နေသည်က ထက်ပိုင်၏အိမ်၊

ထက်ပိုင်က သူ့မိဘတွေနှင့်မနေပေ၊
တစ်ယောက်ထဲ အိမ်ဝယ်ကာနေသည်။
ထက်ပိုင်တွင်သူမသိသည့် စီးပွားရေးတွေအများကြီးရှိနေလိမ့်မည်။

ထက်ပိုင်က သူ့ထက်အများကြီးကိုရင့်ကျက်သည်၊ သူကတော့ အခုထိ မိဘအရိပ်မှာခိုလှုံတုန်းဖြစ်သည်။

ထက်ပိုင်က အသားဖြူသည်လဲမဟုတ်ညိုသည်လဲမဟုတ် ဝါဝင်းသည်၊ အရပ်ရှည်သည်၊ ကိုယ်လုံးကိုယ်ထည်ကောင်းသည် သူ့ပုံမှာ ရုရှားနိုင်ငံသားတစ်ယောက်နှင့်တူသည်။
ထက်ပိုင်၏မျက်စံကအဝါရောင်ဖြစ်သည်။  ထက်ပိုင်ကိုမွေးတုန်းက
ရုရှားကအမျိုးသားတစ်ဦးက ဝင်ခွင့်တောင်းသည့် အိပ်မက် မက်ဖူးသည်ဟု သူ့အမေ အန်တီသူဇာနွယ်ကပြောဖူးသည်။

တစ်ကယ်ပဲထက်ပိုင်က ရုရှားနိုင်ငံသားတစ်ယောက်လိုပင်၊

ဒီလိုလူမျိုးက ရုပ်လဲချော၊ ပိုက်ဆံလဲရှိတော့ အနားကပ်ချင်သူတွေကဝိုင်းလို့၊

ဒါကိုမှ ထက်ပိုင်က အကပ်မခံတာ၊

လရောင်ကကျ သာမာန်မျက်နှာကျပင်၊
အစားများလို့ဖောင်းနေတဲ့ပါးပဲရှိသည်။

အကောင်သေးသေးနှင့် ထက်ပိုင်၏ပုခုံးကိုတောင်သူမမှီ၊

"ငါ့မျက်နှာမှာဘာရှိနေလို့လဲ"

ချီးမွမ်းခန်းထုတ်နေတုန်း ထက်ပိုင်က
သူကိုယ်သူ လက်ညှိုးထိုးရင်းပြောလာလေသည်။

"မရှိပါဘူး၊ဘာဖြစ်လို့လဲ"

"မင်းကမျက်တောင်မခတ်ပဲကြည့်နေတော့"

"မင်းကို သုတေသနပြုနေတာ၊ ဟဲဟဲ"

"အရူး"

"ငါအတည်ပြောမလို့ထက်ပိုင်ရ"

ချောင်းဟန့်ရင်း ပြောတော့ ထက်ပိုင်က
ဘာလဲဆိုသည့်ပုံဖြင့် သူ့အားမျက်ခုံးပင့်ကြည့်လာသည်။

"ငါရည်းစားထားကြည့်ရင်ကောင်းမလားလို့"

"မကောင်းဘူး"

𝑾𝒉𝒆𝒏 𝑻𝒉𝒆 𝑻𝒊𝒎𝒆 𝑰𝒔 𝑹𝒊𝒈𝒉𝒕 ʕᵒⁿᵍᵒⁱⁿᵍʔWhere stories live. Discover now