Chapter : 12

153 10 3
                                    

Unicode-

2017 April 13:

သင်္ကြန်ကာလဖြစ်တာကြောင့်
လမ်းမကြီးပေါ်တွင်  လူများစည်ကားနေကြပြီး မဏ္ဍပ်များပေါ်တွင်
လူငယ်များ ပိုက်ကိုယ်စီနှင့်၊

"လရောင်....ဘာသောက်မလဲ၊"

"ရတယ်....ကိုကာကိုလာပဲပေးပါ"

"လရောင်ကိုယ်တို့တွဲနေတာဘယ်လောက်မှမကြာသေးဘူးဆိုပေ
မယ့်ကိုယ့်အပေါ်အဲ့လောက်မစိမ်းပါနဲ့"

"အဲ့လိုမဟုတ်ပါဘူး၊ ဒီတိုင်း"

"အင်းပါ၊ ကိုကာကိုလာပဲသွားယူလိုက်မယ်၊ လရောင် စောင့်နေနော်"

"ဟုတ်ပြီ"

"ဒါဆို ကိုယ်အောက်ဆင်းဦးမယ်နော်"

"အင်း"

အစားထိုးခံမှန်းသိရက်ကြီးနဲ့ မင်းသူ့ကိုမှ မစွန့်လွှတ်နိုင်တာ ရှိန်းသူ၊

ရှိန်းသူတစ်ယောက် မဏ္ဍပ်အောက်သို့ဆင်းကာ အချိုရည်ဘူးသွားဝယ်လေသည်။

မဏ္ဍပ်ပေါ်တွင်ကျန်ခဲ့သည့် လရောင်ကတော့ပိုက်ကိုင်ကာ ရေပတ်နေသောလည်း အောက်သို့မကြည့်မိ၊

ဒီနေ့က မင်းမွေး​နေ့နော် ထက်ပိုင်၊
သင်တန်းတွေလဲပြီးသွားပြီ၊
ငါတို့လည်း အဆက်သွယ်မရှိကြဘူးလား။

ဒီလိုနဲ့လေ။

"ဟေး....လရောင်၊ မပျော်ဘူးလား၊
ဘာတွေးနေတာလဲ။"

ဘေးတွင်ရှိနေသော သင်တန်းတက်ခဲ့တုန်းကအတန်းဖော်တစ်ယောက်မှ
လရောင် မှိုင်နေသည်အားကြည့်ရင်း
မေးခွန်းထုတ်လာလေသည်။

"ပျော်ပါတယ်၊ ဒီတိုင်းနေပူနေလို့လေ
တစ်မျိုးဖြစ်နေတာ"

"ဟုတ်တယ်နော်၊ ၄လပိုင်းရဲ့နွေနေက
ပူလိုက်တာကွာ"

ဘေးသူ၏အပြောအား ပြုံးသာပြုံးပြပြီးနောက် လရောင်စကားပြန်မပြောတော့......

အရင်ဆို ဒီနေ့သူအရမ်းပျော်နေမှာ၊
ဘေးမှာ.......ထက်ပိုင်ဦးရှိနေလို့လေ။

အခုတော့.......

"လရောင်....ဒီမှာကိုကာကိုလာ၊ အောက်ဆင်းသောက်ရအောင်လေ"

𝑾𝒉𝒆𝒏 𝑻𝒉𝒆 𝑻𝒊𝒎𝒆 𝑰𝒔 𝑹𝒊𝒈𝒉𝒕 ʕᵒⁿᵍᵒⁱⁿᵍʔWhere stories live. Discover now