Chapter : 3

513 32 5
                                    

Unicode-

"ဆရာတို့သင်တန်းရဲ့ပထမနှုတ်ဆက်ပွဲအတွက် ခရီးသွားအစီစဥ်တစ်ခုရှိပါတယ်၊ တန်းခွဲ(A)(B)ရဲ့သင်တန်းသားတွေဖြစ်တဲ့အတွက်၊
အားလုံးပေါင်းအယောက်150ကျော်ပဲရှိပါတယ်၊ဘယ်သွားမလဲဘယ်မြို့လဲဆိုတာကတော့ အားလုံးမဲနှိုက်လို့ရတယ်၊
ကား၅စီးစီစဥ်ပေးထားပါတယ်၊
၄စီးက သင်တန်းသားတွေအတွက်ဖြစ်ပြီးတော့ ကျန်တစ်စီးကတော့
သင်တန်းဆရာတွေအတွက်ပါ၊
အားလုံးလွတ်လွတ်လပ်လပ်ခရီးထွက်ကြမဲ့အစီအစဥ်မှာ ရောက်ရင်နေဖို့စရိတ်ကအစ သင်တန်းကစီစဥ်ပေးမှာမို့ ကလေးတွေက ကိုယ့်အသုံးစရိတ်လောက်ပဲကုန်ဖို့ရှိပါတယ်၊"

သင်တန်းဝန်းထဲတွင် ထိုင်နေသော
သင်တန်းသားများက ဘယ်သွားမယ်၊
ဆိုတာကို အချင်းချင်းတီးတိုးပြောဆိုနေကြလေသည်။

"ထက်ပိုင်....ဘယ်သွားချင်လဲ"

"အိပ်ချင်တယ်"

"......."

သင်တန်းဝန်းထဲရှိ အအေးဆိုင်ထဲတွင်ဖြစ်သည်။

လရောင်ရမ်းမှာတော့ သင်တန်းသားတွေနှင့်အတူခရီးသွားရမည်ဆိုသောကြောင့် အနည်းငယ်ပျော်ရွှင်နေသည်။

သို့သော် ထက်ပိုင်မှာတော့ စိတ်မဝင်စားသည်အလား...

ထိုအချိန်တွင်သူတို့ဝိုင်းသို့သင်တန်းသူတစ်စုရောက်လာကာ....

"ထိုင်မယ်နော်"

"ထိုင်ပါ"

"ညီမကချောစုဦးပါ၊ သူက နွေးထက်ထက်၊ ဒီဆံပင်ဂုတ်ဝဲနဲ့တစ်ယောက်က
သော်တာလင်းထက်၊ သူကရတီပွင့်ခက်"

"နာမည်တွေမိတ်ဆက်ပေးပြီးဘာလုပ်မလို့လဲ၊ငါတို့က သန်ခေါင်စာရင်းစစ်တဲ့လူတွေမဟုတ်ဘူး"

ထက်ပိုင်က စိတ်မရှည်သည့်လေသံနှင့်ဝင်ပြောလိုက်သောအခါ ကောင်မလေးများက ငြိမ်ကျသွားလေသည်။

"နာမည်လေးတွေကလှတယ်သိလား၊ အကိုကလရောင်ရမ်းပါ၊ သူကထက်ပိုင်ဦးတဲ့ သိလားတန်းခွဲ(A)က၊"

လရောင် ဝင်ပြောလိုက်မှ ကောင်မလေးကပြုံးပြလာရင်း....

"အကိုတို့ကိုသိတယ်၊ အခုခရီးသွားမဲ့ကိစ္စလေ အကိုတို့ဘယ်သွားချင်ကြလဲ၊
ညီမလေးလဲအကိုတို့မဲထည့်တာကို
တူတူလိုက်ထည့်ပေးမယ်လေ"

𝑾𝒉𝒆𝒏 𝑻𝒉𝒆 𝑻𝒊𝒎𝒆 𝑰𝒔 𝑹𝒊𝒈𝒉𝒕 ʕᵒⁿᵍᵒⁱⁿᵍʔWhere stories live. Discover now