Chapter : 6

468 21 9
                                    

Unicode-

သင်တန်းဖွင့်ရက်မှာပင် သေဆုံးသွား
သည့် နွယ်ရတီဝင်းကြောင့် သင်တန်းကို
နောက်ဆုတ်ထားလိုက်ရသည်။

သင်တန်းဝင်းထဲမှာမို့ ပြန်စာများ ပို့ပေးရသည်။

အားလုံးကတော့ နွယ်ရတီဝင်း ဟာ
သူ့ကိုယ်သူသတ်သေတယ်လို့ထင်ကြပြီးထိုထဲတွင်လဲ လရောင် ပါသည်။

သို့သော်ထက်ပိုင်ကတော့ ထိုကိစ္စကို
ဘဝင်မကျသလို၊

"အခုထိ နွယ်ရတီဝင်းရဲ့သူငယ်ချင်း၊
ပုလဲရှင်းသန့်မေ ကိုမတွေ့သေးဘူးနော်၊
သူငယ်ချင်းတစ်ယောက်လုံးသေတာကိုသူကမလာဘူးလား"

သင်တန်းဝန်းထဲရှိ အအေးဆိုင်တွင်ထိုင်ရင်း ထက်ပိုင်က ဆိုလေသည်။

"အင်းနော်၊ နွယ်ရတီဝင်း သေတဲ့နေ့ကတော့ သူ့ကိုတွေ့လိုက်သေးတယ်"

မိမိမှာဘာရယ်မဟုတ်ပြောလိုက်သောလည်း ထက်ပိုင် မှာသောက်နေသော
အအေးခွက်အားချကာ အလေးအနက်ပြောလာလေသည်။

"တွေ့လိုက်တယ် ၊ အဲ့နေ့က မင်းသူ့ကိုတွေ့လိုက်တယ်လား ဘယ်မှာလဲ"

"အမ်....လူအုပ်ထဲမှာပဲလေ၊ သူလဲရှော့ရသွားတာထင်ပါတယ်"

"မဟုတ်သေးဘူး၊ လူအုပ်ထဲမှာ
တွေ့လိုက်တယ်ဆိုရင် ဘာလို့သူက နွယ်ရတီဝင်းနားမလာရတာလဲ၊ နွယ်ရတီဝင်းသေတာကိုလဲသူသိတယ်၊
ဒါပေမယ့် မလာဘူး၊ ဘာအဓိပ္ပာယ်လဲ"

"ထက်ပိုင်၊ မင်းထင်တာကိုပြောပြကြည့်ပါလား ငါကမင်းလိုမတွေးတက်ဘူးဟ"

"အမ်း......မင်းစဥ်းစားကြည့်လရောင်၊
ငါတို့မန္တလေးသွားတော့ နွယ်ရတီဝင်းနဲ့
ပုလဲရှင်းသန့်မေ ကအခန်းတူတူနေတယ်၊ ကားထဲမှာလဲ ခုံတူတူပဲကွာ၊
အဲ့လောက်ရင်းနှီးတာကို
ပုလဲရှင်းသန့်မေ ကနွယ်ရတီဝင်းရဲ့အသုဘကိုရော ရက်လည်ကိုရောမလာဘူး၊ အမိန့်ပြန် တုန်းကလဲ သူမလာဘူး၊
ဒါပေမယ့် မင်းပြောသလို နွယ်ရတီဝင်းသေတဲ့နေကလူအုပ်ထဲမှာသူရှိတယ်၊
ဒါပေမယ့် သူနွယ်ရတီဝင်းနားကိုမလာဘူး၊ ဘယ်လိုဖြစ်နိုင်လဲ"

"မဟုတ်မှ........."

"ဟုတ်တယ်၊ ငါ့စိတ်ထဲ နွယ်ရတီဝင်းသေတာက ပုလဲရှင်းသန့်မေ နဲ့တိုက်ရိုက်ပတ်သက်နေနိုင်တယ်လို့ထင်နေတယ်"

𝑾𝒉𝒆𝒏 𝑻𝒉𝒆 𝑻𝒊𝒎𝒆 𝑰𝒔 𝑹𝒊𝒈𝒉𝒕 ʕᵒⁿᵍᵒⁱⁿᵍʔDove le storie prendono vita. Scoprilo ora