Chapter : 8

298 26 2
                                    

Unicode-

သင်တန်းနားရက်ဖြစ်တာကြောင့်
အိမ်တွင်သာဖုန်းသုံးနေရင်း
ဝင်လာသော စာကြောင့်ကြည့်လိုက်တာ
ရှိန်းသူထံမှဖြစ်လေသည်။

ရှိန်းသူမှာ လရောင်၏fb accအားဘယ်လိုသိသွားလည်းတော့မသိ၊
လာအပ်သဖြင့် မကောင်းတက်၍လက်ခံလိုက်ရသည်။
ဒါကိုတော့ထက်ပိုင်မသိ....

-လရောင်...သင်တန်းပိတ်ရက်ဆိုတော့
အခုအိမ်မှာလား-

-ဟုတ်ပါတယ်၊ ထက်ပိုင်အိမ်မှာလေ-

-အော်....ဒါဆို ကျွန်တော်တို့ရုပ်ရုင်သွားကြည့်ကြမလားလရောင်-

-အာ....ထက်ပိုင်ကအိပ်နေတာ၊ သူ့ကိုပြောရအုံးမယ်-

-သူကလရောင်ရဲ့အကိုမလို့လား၊
ဒီတိုင်းထွက်လာခဲ့လို့မရဘူးလား၊
ဒါမှမဟုတ်လဲလိပ်စာပို့လိုက်ကျွန်တော်လာခေါ်မယ်လေ-

-အာ....-

အားနာတက်သော လရောင်ခင်ဗျာ
ရှိန်းသူပေးသောဖိအား ကိုမခံနိုင်ပေ၊

-လုပ်ပါဗျာ၊ အိမ်မှာနေရင်းပျင်းလို့ပါ၊-

-ဟုတ်ပြီ....လိပ်စာပို့လိုက်မယ်လာခေါ်လိုက်ပါဗျ-

-ရေး....အခုပဲလာပြီ။-

"ဟူး....ထက်ပိုင်ကိုခွင့်တောင်းသင့်လား၊"

"ခွင့်တောင်ရင်သူကခွင့်ပြုမှာမဟုတ်ဘူး"

နောက်ဆုံးတွင်တော့မထူးဇာတ်ခင်းကာ
အဝတ်လဲ၍ တိုက်အောက်တွင်ဆင်းစောင့်နေလိုက်သည်။

ဘာရယ်မဟုတ်ပဲ ထက်ပိုင်ကငယ်ငယ်လေးကထဲကပေါင်းလာတဲ့သူငယ်ချင်းအရင်းကြီးမို့ ခွင့်တောင်းချင်ပေမယ့်
ရှိန်းသူနှင့်ဆို ခွင့်ပြုမည်မထင်၊
မိမိလည်းအိမ်မှာနေရင်းပျင်းနေတာပဲလေ၊ ထက်ပိုင်ကလည်း အပြင်တစ်ခါထွက်ဖို့တော်တော်လေးပြောယူရတဲ့သူမို့ သူနှင့်ဆိုလျှင် အပြင်သိပ်မထွက်ရ။

ခဏအကြာတွင် ကားရောက်လာပြီး
ရှိန်းသူကမှန်ချကာ....

"ဟေး....လာ"

"အင်း"

ခေါင်းညိမ့်ကာ နောက်ခန်းတံခါးဖွင့်မည်ပြုနေသော သူကိုမြင်သဖြင့်
ရှိန်းသူ ထပြောလိုက်လေသည်။

𝑾𝒉𝒆𝒏 𝑻𝒉𝒆 𝑻𝒊𝒎𝒆 𝑰𝒔 𝑹𝒊𝒈𝒉𝒕 ʕᵒⁿᵍᵒⁱⁿᵍʔWhere stories live. Discover now