[၂၃၅] ရှုံးနိမ့်သွားသောမာရှယ်။

1.2K 316 12
                                    

Arc(10) ရှုံးနိမ့်သွားသောမာရှယ်(၁၃)။

ဧည့်ခန်းထဲကလူနှစ်ယောက်မှာဟော့ရှီစစ်၏လုပ်ရပ်ကြောင့်တောင့်ခဲသွားကြသည်။ ဝမ်းဟောင်ယွိကအရင်ဆုံးအသိပြန်ဝင်လာကာ အလျင်စလိုထရပ်ပြီးမေးလိုက်သည်။
"မာရှယ့်လက်ကအဆင်ပြေရဲ့လား။"

ကံကောင်းချင်တော့ဖန်ခွက်မှာထူးခြားသောပစ္စည်းနှင့်လုပ်ထားသဖြင့် ခွဲလိုက်မိရင်တောင်လက်နာမှာမဟုတ်။

ဟော့ရှီစစ်သူ့လက်ပေါ်ကဖန်ကွဲစများကိုမျက်နှာသေဖြင့်သုတ်လိုက်ပြီးမှသီအန်းကိုမေးလိုက်သည်။
"မင်းပြောတာက၊ မင်းတို့ဘုရင်က....ချက်စတာနဲ့အတူရှိနေတာလား။"

သူ့အရှိန်အဝါမှာတအားသန်မာလွန်းသွားလို့လားမသိ၊ သီအန်းမှာအနည်းငယ်ဖိနှိပ်ခံလိုက်ရပြီးမှပြောလိုက်သည်။
"ဟုတ် ဟုတ်တယ်။ ဒါပေမဲ့ငါကအဝေးမှာဆိုတော့သေချာမကြားခဲ့ဘူး။ ငါဝိုးတိုးဝါးတားကြားလိုက်ရတာက အဲ့ပုရွက်ဆိတ်....အင်း၊ ချက်စတာက'အရှင်ငြင်းနိုင်မှာမဟုတ်ဘူး'လို့ပြောလိုက်တာ၊ အဲ့ဒီ့နောက်မှာအရှင်ကသူ့ကိုနန်းတော်ကိုအတူသွားဖို့ပြောလိုက်တာပဲ။"

ဟော့ရှီစစ်ရုတ်ခြည်းလက်သီးဆုပ်လိုက်မိပြီးသူ့မျက်နှာမှာပို၍ပင်အရုပ်ဆိုးလာသည်။

သူကသူနှင့်လင်ခုံးလုတို့သူတို့သရုပ်မှန်ကြောင့်ပဋိပက္ခဖြစ်ပြီးအနာဂတ်အတွက်စိတ်ပူနေချိန်မှာ တစ်ဖက်လူကတော့အခြားတစ်ယောက်နှင့်အတူရှိသွားလိမ့်မည်ဟုသူလုံးဝမထင်ထားမိပေ။

ငါတို့ပူးပေါင်းမယ်လို့မင်းပြောတာမဟုတ်ဘူးလား။ မင်းကကိုယ့်ကိုအရမ်းသဘောကျပြီးတော့ ကိုယ်တို့ခုနကလမ်းခွဲတုန်းကကိုယ့်ကိုညကျတွေ့မယ်လို့တောင်ပြောခဲ့တယ်မဟုတ်ဘူးလား။

ညနေကျတွေ့မယ်? မှောင်တော့မဲ့ဟာကို မင်းကအခြားတစ်ယောက်နဲ့တွေ့နေတယ်ပေါ့?

ပြီးတော့သူမှတ်မိတာမှန်ရင် ချက်စတာကပုရွက်ဆိတ်တွေဇာ့ဂျ်ဘုရင်ဆီကိုဆက်သမယ်ဆိုတဲ့တစ်ယောက်မလား။

လင်ခုံးလုချက်စတာကိုနန်းတော်ဆီခေါ်သွားပြီးဘာလုပ်မလို့လဲဆိုတာဟော့ရှီစစ်မသိပေမဲ့သူ၏ခပ်တိမ်တိမ်အတွေ့အကြံပေါ်အခြေခံကြည့်ရင် "ချက်စတာကဇာ့ဂျ်ဘုရင်ကိုဟင်းထည့်ပေးခြင်း"နှင့်"ချက်စတာကဇာ့ဂျ်ဘုရင်ကိုဖရဲစေ့အခွံခွာပေးခြင်း"နှင့် "ချက်စတာကဇာ့ဂျ်ဘုရင်ခြေထောက်ကိုနှိပ်ပေးခြင်း"အစရှိသဖြင့်မြင်ကွင်းကိုချက်ချင်းတွေးမိသွားသည်။

ငါလှည့်စားခဲ့တဲ့ဇာတ်လိုက်ပြန်မွေးဖွားလာပြီဟ || ဘာသာပြန် [ Book-2 ]Where stories live. Discover now