[၁၉၈] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။

1.7K 348 1
                                    

Arc(9) မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း(၁၃)။

လင်ခုံးလုနှင့်ရွှီယန့်တို့ကျွန်းသူကျွန်းသားများစုဝေးနေသည့်နေရာကိုရောက်ရှိသွားတော့ အိမ်တော်ထိန်းကလူများကိုဦးဆောင်ကာသူတို့ကိုရှာဖွေနေပြီပင်။ ကျွန်းသူကျွန်းသားများကလည်းရှာဖွေရေးနှင့်ကယ်ဆယ်ရေးအဖွဲ့များကိုဖွံစည်းကာ အနီးနားရှိတောင်တန်း၊ တောအုပ်နှင့်ပင်လယ်ဘေးများမှာရှာဖွေနေကြသည်။

သို့သော်တစ်နေကုန်သွားပေမဲ့ဘာမှရှာမတွေ့သေးပေ။

ဘာသတင်းမှမရတာမြင်တော့ ပျောက်ဆုံးသွားသူ၏ဇနီးဖြစ်သူမှာနောက်ဆုံးတွင်တောင့်မထားနိုင်တော့ဘဲ ပြိုလဲကျသွားကာငိုယိုလေသည်။
"တိုင်ဖွန်းမုန်တိုင်းတိုက်နေတုန်းအပြင်သွားလို့မရပါဘူးလို့ကျွန်မသူ့ကိုပြောသားပဲ၊ ဒါပေမဲ့သူကနားမထောင်ဘဲမိစ္ဆာနောက်လိုက်သွားတယ်။ အဲ့တုန်းကအရမ်းမှောင်နေတာဆိုတော့ ပင်လယ်မကောင်းဆိုးဝါး​ခေါ်သွားတာဖြစ်...."

"တိတ်စမ်း!" သူမပြီးအောင်မပြောရသေးခင် သူမဟာလူအိုကြီးတစ်ယောက်၏ဖြတ်ပြောခြင်းခံလိုက်ရသည်။

သူဟာလူအိုကြီးဟုဆိုပေမဲ့အသက်ငါးဆယ်ခြောက်ဆယ်သာရှိသည်။ သူ့မျိုးရိုးမှာယောင်းဖြစ်ပြီး ဦးလေးယောင်းဟုသိကြသည်။ တစ်နှစ်ပတ်လုံးပင်လယ်လေညှင်း၏တိုက်ခတ်မှုကြောင့် သူ့အသားအရောင်မှာအနည်းငယ်နက်မှောင်လို့နေပြီး သူ့မျက်နှာမှာချိုင့်ခွက်နှင့်အရေးကြောင်းများရှိလို့နေရာ သူ့ပုံရိပ်မှာခက်ထန်ပြီးအိုနေပေမဲ့ သူ့ခန္ဓာကိုယ်မှာတော့အမှန်တကယ်အလွန်သန်မာပေသည်။

သူခပ်တိုးတိုးအော်ငေါက်လာချိန် အမျိုးသမီးမှာရုတ်ခြည်းအနည်းငယ်ရှက်ရွံ့သွားကာ အမှန်တကယ်အငိုရပ်သွားသည်။

ထိုနေရာမှာရှိနေသည့်ကစားသမားများဟာလည်း"ပင်လယ်မကောင်းဆိုးဝါး"ဟူသောစကားလုံးကိုကြားတော့ သူတို့မျက်လုံးများတစ်ချက်လက်သွားသည်။ ဒါကကျွန်းပေါ်ရောက်ရှိပြီးနောက်ဒီစကားလုံးကိုဒုတိယအကြိမ်မြောက်ကြားရခြင်းပင်။ ကျွန်းပေါ်ရှိလူများကထိုအကြောင်းတားမြစ်ထားပုံရသည်။

ငါလှည့်စားခဲ့တဲ့ဇာတ်လိုက်ပြန်မွေးဖွားလာပြီဟ || ဘာသာပြန် [ Book-2 ]Where stories live. Discover now