[၂၁၇] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။

1.5K 339 4
                                    

Arc(9) မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း(၃၂)။

ရွှီယန့်အခန်းထဲခဏလေးဝင်သွားပြီးအဝတ်အစားသွားလဲခဲ့ပေမဲ့ သူနှင့်အတူအထဲဝင်သွားခဲ့သည့်လင်ခုံးလုကတော့ပြန်ထွက်လာချိန်မှာသူ့မျက်ဝန်းထောင့်စွန်းများကနီစွေးလို့နေပြီး သူ့မျက်လုံးများမှာအရည်ကြည်များရစ်ဝဲနေကာ သူ့နှုတ်ခမ်းများမှာပုံမှန်မဟုတ်စွာနီစွေးလို့နေသည်။

ကစားသမားမြင်လိုက်တော့ သူတို့ဘာဖြစ်ခဲ့မှန်းအတိအကျသိလိုက်သည်။

ဝမ်ရန်မှာတိတ်တခိုးတွေးလိုက်မိသည်။ မိစ္ဆာနတ်ဘုရားကခန္ဓာကိုယ်သိပ်မကြီးပေမဲ့စိတ်ကတော့မသေးဘူးပဲ။ သခင်လေးကတကယ်အလုပ်ကြိုးစားတယ်။

ဒါပေမဲ့သူတို့ကစားသမားများ၏နောက်လာမည့်ကံကြမ္မာကိုတွေးမိသွားတော့ လူတိုင်းမည်းမှောင်သွားရပြန်သည်။

အခြားအကြောင်းရင်းမရှိပေ။ စုန့်လင်မှာနတ်ဘုရား၏သံတမန်ဖြစ်တော့မည့်အပြင်ဂိမ်းကမ္ဘာတစ်ခုလုံးကိုဖျက်ဆီးနိုင်သည့်စွမ်းအားရှိသည်။ ဒီကစားသမားများကိုအလွယ်လေးသတ်ပစ်နိုင်သည်ဟုပြောလို့ရပြီး သူတို့ကိုပင်မနတ်ဘုရားနေရာလွတ်ကိုပြန်မသွားအောင်လုပ်နိုင်တာကဟာသမဟုတ်လောက်ပေ။

လူသစ်ဖြစ်သည့်ဟွမ်ကျားဝမ်ပင်ဒီအခိုက်အတန့်မှာသူမလုံလောက်အောင်ကံမကောင်းဘဲ ဂိမ်းကမ္ဘာထဲဝင်လိုက်သည်နှင့်ငရဲmodeနှင့်ကြုံလိုက်ရမှန်းနားလည်သွားသည်။

အခုတွေးကြည့်မိတော့ချန်ပေါ်နှင့်ကုန်းဝေလိုမျိုးစောစောသေသွားတာပိုကောင်းသလိုပဲ။ အခုဆိုသူတို့ပင်မနတ်ဘုရားနေရာလွတ်ကိုပြန်သွားရင်သွား၊ မဟုတ်ရင်အခြားဂိမ်းကမ္ဘာကိုတောင်သွားနေလောက်ပြီ။

ယန်ဖုန်းနှင့်ကျိချင်းချင်းမှာအခြေအနေ၏လေးနက်မှုကိုပိုသတိပြုမိသည်။ သူတို့ကဒီမှာသေဖို့စိတ်တောင်ပြင်ဆင်ထားပြီးပြီ။ သို့သော်လည်းသူတို့လမ်းမှာလင်ခုံးလုနှင့်ထပ်ဆုံတော့ တစ်ဖက်လူကိုအခြေအနေပြောပြချင်မိသည်။ အဆုံးမှာတော့သခင်​လေးဟာလည်းလက်တွေ့ဘဝကလူတစ်​ယောက်ဖြစ်သည်ပင်။

ငါလှည့်စားခဲ့တဲ့ဇာတ်လိုက်ပြန်မွေးဖွားလာပြီဟ || ဘာသာပြန် [ Book-2 ]Where stories live. Discover now