[၂၃၄] ရှုံးနိမ့်သွားသောမာရှယ်။

1.2K 309 11
                                    

Arc(10) ရှုံးနိမ့်သွားသောမာရှယ်(၁၂)။

ဟော့ရှီစစ်လက်သီးတင်းတင်းဆုပ်လိုက်မိပြီး သူ့အသက်ရှူနှုန်းပင်အနည်းငယ်မတည်မငြိမ်ဖြစ်လာကာ သူ့နှလုံးသားထက်အောက်ပြောင်းပြန်ဖြစ်သွားပြီး သူမယုံကြ​ည်နိုင်ဖြစ်နေမိသည်။

သူဇာ့ဂျ်ဘုရင်ကိုခဏခဏရင်းနှီးသလိုခံစားရတာမဆန်းဘူး။ လတ်စသတ်တော့တစ်ဖက်လူကချောင်းအာဖြစ်နေတာပဲ။ သူနဲ့အတူဘေးချင်းကပ်တိုက်ခိုက်ခဲ့ပြီး တစ်ယောက်ဆီကတစ်ယောက်လေ့လာသင်ယူပြီး သူ့ကိုလေးစားအောင်လုပ်ခဲ့ပြီးတော့အဆုံးသတ်မှာပျောက်သွားခဲ့တဲ့ချောင်းအာ။

သူအရင်ဘဝကတစ်ဖက်လူကိုနှစ်နှစ်ကြာအောင်လိုက်ရှာနေခဲ့ပေမဲ့သူ့ကိုရှာမတွေ့ခဲ့တာမဆန်းဘူး။ တစ်ဖက်လူကဇာ့ဂျ်ဘုရင်ဖြစ်နေပြီးဇာ့ဂျ်ဘုရင်ကို.....ဇာ့ဂျ်ဘုရင်မလို့လူသိများကြတယ်။

"ဇာ့ဂျ်ဘုရင်မ"ဆိုတဲ့စကားလုံးကိုဘယ်သူကမှချောင်းအာနဲ့ဆက်စပ်မိမှာမဟုတ်ဘူး။

ပြီးတော့အရင်ဘဝမှာဇာ့ဂျ်ဘုရင်ကတစ်လအကြာမှာသေဆုံးသွားတော့ သူ့ကိုဘယ်လိုလုပ်ရှာတွေ့ဖို့ဖြစ်နိုင်တော့မှာလဲ။

ဒါကိုတွေးမိတော့ဟော့ရှီစစ်ရင်ထဲမှာရုတ်ခြည်းနာကျင်သွားသည်။ သူခေါင်းမော့ကာလင်ခုံးလုကိုထပ်ကြည့်မိတော့တစ်ဖက်လူကပလ္လင်ဆီပြန်လျှောက်သွားနေတာကိုမြင်လိုက်ရသည်။

ဒါပေမဲ့သူကတော့အောက်မှာရပ်မြဲရပ်လျက် တစ်ဖက်လူကိုကျောက်ရုပ်လိုမျိုးကြည့်မိနေပြီး သူ၏အပြာရင့်ရောင်မျက်လုံးများမှာမုန်တိုင်းပြီးသွားပြီးနောက်ငြိမ်ကျသွားသည့်ပင်လယ်ပြင်ပမာ ရှုပ်ထွေးကာခွဲခြားရခက်သောလှိုက်တက်နေသည့်စိတ်ခံစားချက်များဖြင့်ပြည့်လို့နေသည်။

ဒီမြင်ကွင်းကအခြားသူများ၏မျက်လုံးထဲကျရောက်သွားချိန် သူတို့မိန်းမောစွာစိုက်ကြည့်မိကြသည်။

သီအန်း၏နှလုံးတစ်ချက်ဆောင့်ခုန်သွားကာမနေနိုင်ဘဲဝမ်းဟောင်ယွိကိုပြောလိုက်မိသည်။
"မင်းတို့မာရှယ်တကယ်ဟန်ဆောင်ကောင်းခဲ့တာပဲ။"

ငါလှည့်စားခဲ့တဲ့ဇာတ်လိုက်ပြန်မွေးဖွားလာပြီဟ || ဘာသာပြန် [ Book-2 ]Where stories live. Discover now