[၁၉၉] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။

1.6K 358 9
                                    

Arc(9) မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း(၁၄)။

လင်ခုံးလုဖြစ်ပွားရာနေရာကိုထပ်သွားတော့ ရွှီယန့်ကိုဝှီးချဲတွန်းခိုင်းကာ ခပ်လှမ်းလှမ်းမှကြည့်နေလိုက်သည်။

မတော်တဆဖြစ်သွားသူမှာအသက်နှစ်ဆယ်အရွယ်လူငယ်လေးဖြစ်သည်။ သူ့အဖေကအဝတ်များကိုကိုင်ကာခါးသက်စွာငိုယိုနေပြီး သူ့မျက်နှာထားမှာသူ၏ပူဆွေးသောကကိုဖုံးကွယ်နိုင်စွမ်းမရှိ။

သူ့ပတ်လည်ရှိလူများမှာတော့ထုံထိုင်းကာ(သို့)ကြောက်လန့်နေကြသည်။ ဦးလေးယောင်းကကစားသမားလာနေတာမြင်တော့ တည်တင်းသောမျက်နှာဖြင့်မေးလာသည်။
"မင်းတို့ဘာလို့ရောက်လာပြန်တာလဲ။"

ယွမ်ရှီးချွမ်းကသူ့မျက်နှာကိုပင့်တင်ကာဆိုသည်။
"ကျွန်တော်တို့ကကျွန်းကိုခရီးထွက်လာတာ။ နေရာတိုင်းကိုလွတ်လွတ်လပ်လပ်သွားခွင့်ရှိတယ်။"

အဓိပ္ပါယ်မှာခင်ဗျားကကျွန်းသူကျွန်းသားတွေကိုထိန်းချုပ်လို့ရပေမဲ့ကျွန်တော်တို့ကိုတော့မရဘူး။

ဦးလေးယောင်းကအေးစက်စက်နှာမှုတ်လိုက်ပြီးသူ့မျက်လုံးများကမည်းမှောင်သွားပေမဲ့ တစ်အောင့်ကြာတော့သူကအလျှော့ပေးသည့်အလား ရုတ်ခြည်းအနောက်လှည့်ကာဟယ်ခွင်းကိုပြောလိုက်သည်။
"အရင်ပြန်သွားပြီးတော့ အားယန်ရဲ့.....အကြွင်းအကျန်တွေကိုမြှုပ်နှံပေးတာပေါ့။"

အားယန်မှာဆုံးပါးသွားသောလူငယ်လေးဖြစ်သည်။ ဖြစ်ချင်တော့သူဟာမနေ့ကကင်းလှည့်အဖွဲ့၏အဖွဲ့ဝင်တစ်ယောက်ဖြစ်သည်။ ရုတ်တရက်ဒီလိုတစ်ခုခုဖြစ်သွားတော့ ကင်းလှည့်အဖွဲ့ကိုကင်းမလှည့်ရဲအောင်ဖြစ်သွားစေကာ ဦးလေးယောင်းနှင့်အတူထွက်သွားသည်။

ဦးလေးယောင်းတစ်ယောက်အိမ်တော်ထိန်းဘေးကဖြတ်သွားချ်ိန်မှာ နှစ်ယောက်သားကတစ်ယောက်ကိုတစ်​ယောက်သာမန်ကာလျှံကာကြည့်လိုက်ကြသည်။ အိမ်တော်ထိန်းကခေါင်းအသာငြိမ့်လိုက်ပြီးမှသူသူ့ကိုမကြည့်လိုက်သည့်အလားခပ်မြန်မြန်အကြည့်လွှဲသွားသည်။

သေချာတာပေါ့၊ ဦးလေးယောင်းနှင့်အခြားသူများထွက်သွားပြီးနောက် အိမ်တော်ထိန်းကရှေ့တိုးကာသူတို့ကိုကောင်းမွန်စွာနားစချလာသည်။
"အခုဆိုပင်လယ်ကမ်းစပ်ကတကယ်အန္တရာယ်များတယ်။ လောင်ယောင်းမှာအေးစက်စက်မျက်နှာရှိပြီးတော့ကြင်နာတဲ့နှလုံးသားရှိတယ်။ သူ့စကားလုံးတွေကနားထောင်လို့သိပ်မကောင်းပေမဲ့ မင်းတို့ကောင်းဖို့အတွက်ပါ။"

ငါလှည့်စားခဲ့တဲ့ဇာတ်လိုက်ပြန်မွေးဖွားလာပြီဟ || ဘာသာပြန် [ Book-2 ]Where stories live. Discover now