Part_22

557 37 0
                                    

ဂျီမင်းနဲ့ထယ်ယောင်းတို့ ရဲတပ်ဖွဲ့ဝင်တွေကိုခုခံရင်း နှစ်ယောက်နဲ့အများဆိုတော့ အတော်လေးလဲ ပင်ပန်းနေကြပြီဖြစ်သည်

"ဂျီမင်းး ကျည်ရှိသေးလား"

"ကုန်နေပြီ မကျန်တော့ဘူး သူတို့ဘက်ကလူတော်တော်များတယ်"

ထယ်ယောင်း သူတို့အကာကွယ်ယူထားတဲ့နေရာက‌
နေချောင်းကြည့်လိုက်ပြီး

"ဟက်! ဒီတစ်ခါရဲတွေက အတော်များပါလား မြို့ထဲမှာပြသာနာဖြစ်ရင်ကျ လူအင်အားအလုံအလောက်မရှိလို့တဲ့ ငါတို့ကာကွယ်ရေးတပ်ပဲအမြဲသွားပေးရတာ အခုကျ ငါတို့နှစ်ယောက်ထဲကို လူအင်အားအတော်သုံးထားတာပဲ"

"ရယ်စရာတွေသိပ်မပြောနဲ့ ထယ်ယောင်း ငါပင်ပန်းနေပြီ မရယ်နိုင်တော့ဘူး"

"ဟားး ဟားး ဟုတ်ပါပြီ အခုဘာဆက်လုပ်ကြမှာလဲ"

နှစ်ယောက်သား ကျည်ကလဲမရှိတော့
လက်နက်နဲ့ရဲတွေကိုလဲ ပြန်ခုခံဖို့မဖြစ်နိုင်တာကြောင့် ထိုနေရာမှာပင် သောင်တင်နေချိန်

"ဆူမင်.... မင်းဒီကိုဘယ်လိုရောက်လာတာလဲ"

"ခေါင်း‌ဆောင်တို့ကိုလာကယ်တာ အနောက်မှာကျွန်တော်တို့လူတွေလဲပါသေးတယ်"

အနောက်မှသူတို့အဖွဲ့ဝင်တွေ လက်ယမ်းပြပြီး

"ခေါင်းဆောင် ကျွန်တော်တို့အကုန်လာတယ်"

"ဟာ မင်းတို့ကောင်တွေ ဘာတွေလျှောက်လုပ်နေကြတာလဲ အကုန်ဒုက္ခရောက်ကုန်တော့မှာပဲ"

"ဘာမှမဖြစ်ပါဘူး ကျွန်တော်တို့ကခေါင်းဆောင်ကိုကူညီပေးချင်လို့ပါ"

"ခေါင်းဆောင် ခေါင်း‌ဆောင်တို့ဘာမှမဖြစ်ဘူးမလား ကျွန်တော်တို့အကုန်စိတ်ပူနေကြတာ ခေါင်းဆောင် ကောင်လေးရောအဆင်ပြေသွားပြီလား"

အဖွဲ့သားတစ်ယောက်မှအဲ့လိုမေးလိုက်တော့ဆူမင်က သူ့ကိုမျက်ရိပ်မျက်‌ခြေပြကာ

"မင်းတော့သေတော့မယ်"

"သူအဆင်ပြေသွားပါပြီ စိတ်ပူပေးကြလို့ကျေးဇူးပဲကွာ"

"ဂျီမင်း မင်း‌အရာရှိကြီးနဲ့သွားတွေ့လိုက်လေ ငါသူတို့နဲ့ ဒီမှာကျန်ခဲ့လိုက်မယ်"

အမှောင်ယံညရဲ့ လင်းလက်ကြယ်Where stories live. Discover now