Part_11

904 64 0
                                    

CEO ရုံးခန်းထဲမှာ သခင်ကြီးရောက်နေပါတယ်"

ရုံးခန်းထဲဝင်လိုက်တာနဲ့ မြင်လိုက်ရတာက ကောက်ကျစ်တဲ့မြေခွေးမမျက်နှာကို ကျက်သရေမရှိလိုက်ပုံများ ညဘက်တွေ
အမေကငိုနေရတဲ့အချိန်မှာ အဖေကအဲ့မိန်းမနဲ့ပျော်ရွှင်နေခဲ့တာဂျောင်ဂုတစ်သက်မေ့မရခဲ့ဘူး 

"အော် ဘယ်သူများလဲလို့ သခင်ကြီးနဲ့သခင်မကြီးကို မှားလို့ အမေ့နေရာကိုလုထားတဲ့မြေခွေးမကြီး"

"ဂျောင်ဂု....နင်"

"ဂျောင်ဂု မင်းအမေကိုလေးလေးစားစားဆက်ဆံစမ်း"

"အဖေတောင်အမေ့ကိုမလေးစားတာ ကျွန်တော်က မိထွေးကိုလေးစားနေရမှာလား"

"ဂျွန်ဂျောင်ဂု မင်းအချိုးတွေကိုပြင် ငါအခုလာတာမင်းကိုဆူရီနဲ့မဂ်လာဝတ်စုံသွားရွေးခိုင်းမလို့ မဟုတ်ရင်မင်းအမေကိုခေါ်မလာဘူးဒီထိ"

"ကျွန်တော်ကလည်းမကြိုဆိုပါဘူး
ပြီးတော့တစ်ခါတည်းပြောမလို့ ကျွန်တော့်ဘက်က လက်ထပ်ပွဲကိုဖျက်သိမ်းပါတယ် ဒီအတွက်ကြိုက်သလိုအပြစ်ပေးလို့ရတယ် အမွေမပေးလည်းရတယ် ကျွန်တော့်မှာသတို့သားလောင်းရှိနေပြီးသားမို့ သူနဲ့ပဲလက်ထပ်မှာပါ"

အမွေတွေရဖို့သူအများကြီးကြိုးစားခဲ့ရတာသိပေမယ့် ချစ်ရသူအတွက်ဆိုအကုန်လုံးစွန့်လွှတ်ဖို့အသင့်ပဲမို့ ဂျောင်ဂုများများစားစားတွေးမနေတော့ အမွေဖြတ်စွန့်လွှတ်လည်းလက်ခံမှာမို့ ဂျီမင်းနဲ့သာအတူရှိနေရရင်‌လုံလောက်နေပါပြီ ဂိုဏ်းကိစ္စကိုတော့နောက်မှပဲသေချာရှင်းတော့မယ်

"ဟက်! အဲ့လောက်လွယ်မနေဘူးဂျောင်ဂု ငါ့ဘက်ကဒီမဂ်လာပွဲကိုမရရအောင်လုပ်မှာ မင်းလက်ထပ်ရမယ့်သူကဆူရီပဲ အပိုတွေမကြားချင်ဘူး"

"သခင်ကြီး အိမ်ကိုပဲပို့ပေးရမလား"

"ပတ်ခ်ဂျီမင်းအိမ်ကိုမောင်း"

"ဟုတ်ကဲ့"

"ဂျေး ငါအဆင်မပြေဘူးကွာ အဖေ့ကိုဘယ်လိုမှပြောလို့မရဘူး ဆူရီနဲ့လက်ထပ်ပွဲကိုမဖြစ်ဖြစ်အောင်လုပ်မှာတဲ့ ငါဂျီမင်းကိုလက်မလွှတ်နိုင်ဘူး"

အမှောင်ယံညရဲ့ လင်းလက်ကြယ်Where stories live. Discover now