Part_17

891 63 0
                                    

"ဂျီမင်း အရေးကြီးတဲ့ mission တစ်ခုရှိတယ်တဲ့ အဲ့တာငါတို့အကုန်သွားရမှာ"

"အင်း....အဖွဲ့ဝင်တွေကိုပြင်ဆင်ခိုင်းထားလိုက်"

"မင်းအဆင်ပြေပါ့မလား"

"ဘာကို"

"မောင်ကထားခဲ့လို့အသဲကွဲနေတာမလား အဲ့တာအလုပ်လုပ်ဖို့အဆင်ပြေပါ့မလားလို့"

"ရားးးး အဲ့အကြောင်းမပြောပါနဲ့ဆို အသဲကွဲတာကသက်သက် အလုပ်ကအလုပ် လျှာမရှည်နဲ့"

"ဟား...ဟားးးး ဟုတ်ပါပြီကွာ"

ဂျီမင်းတို့ကတော့ဟန်ဆောင်ကောင်းတဲ့နေရာမှာဆရာကြီး အခုသာဘာမှမဖြစ်သလိုအလုပ်လုပ်နေတာ ညရောက်ရင်ဂျောင်ဂုကိုသတိရလို့ဆိုပြီး အော်ငိုနေတာသူမဟုတ်တဲ့အတိုင်း

လူကြီးမင်းခေါ်ဆိုသောတယ်လီဖုန်းမှာဆက်သွယ်မှုဧရိယာပြင်ပသို့.....တူ.....တူ.....တူ...

"မောင်ရေ ဒီတစ်ခါလေးပဲဖုန်းကိုင်ပေးပါလား"

အရေးကြီးတဲ့ mission ဆိုလို့ ဌာနချုပ်ကိုသွားလိုက်တာ  ကြားလိုက်ရတဲ့စကား‌လုံးတွေက နားထဲကိုသံရည်ပူကြီးလောင်းချလိုက်သလို မောင့်ကို သူတို့က Black Fox အဖွဲ့ရဲ့ခေါင်းဆောင်မှန်းသိသွားကြပြီတဲ့လား

"ဗျာ....."

"ဟုတ်တယ် Black Fox အဖွဲ့ရဲ့ပင်မစခန်းကိုသိရပြီ အဲ့စခန်းကိုဝင်သိမ်းနိုင်ရင် သူတို့ရဲ့ ခေါင်းဆောင်ဖြစ်တဲ့ ဂျွန်ဂျောင်ဂုဆိုတဲ့လူကိုဖမ်းလို့ရပြီ မင်းတို့အဖွဲ့ကိုအားကိုးချင်တယ် Black Fox ကမြို့ထဲမှာသောင်းကျန်းနေတာတော်တော်ကြာပြီ အခွင့်အရေးရတုန်းအမိဖမ်းရမယ်"

"ဗျာ.....ဟုတ်...ဟုတ်ကဲ့"

"ခေါင်းဆောင်ပတ်ခ်ကိုကြည့်ရတာအတော်လေးထိတ်လန့်နေတဲ့ပုံပဲ ဘာလဲ Black Fox အဖွဲ့ရဲ့ခေါင်းဆောင်ကမင်းကောင်လေးဖြစ်နေလို့လား"

အဲ့တာတွေအထိဌာနချုပ်ကဘယ်လိုသိ‌နေတာလဲ
ဂျီမင်းဘာဆက်‌ပြောရမှန်းမသိပေမယ့်အတတ်နိုင်ဆုံးစိတ်ကိုထိန်းရင်း

"ကျွန်တော့်ကိုပေးတဲ့တာဝန်ကိုသေချာထမ်းဆောင်မှာပါ ဒါနဲ့ပတ်သက်ပြီးစိတ်ပူစရာမလိုပါဘူး"

အမှောင်ယံညရဲ့ လင်းလက်ကြယ်Where stories live. Discover now