Part_5

745 49 2
                                    

"တင်ပြချက်ကတော့ ဒီလောက်ပါပဲ အမှုနဲ့ပတ်သက်တဲ့အချက်အလက်တွေကိုရသလောက်ထပ်စုံစမ်းပေးပါမယ်"

"ကောင်းပြီ တင်ပြသွားတာတွေပြည့်စုံပါတယ် ဒီအမှုကို ခေါင်းဆောင်ပတ်ခ်ကပဲဆက်ပြီးတာဝန်ယူပေးပါအုံး"

"ဟုတ်ကဲ့ပါ ဗိုလ်ချုပ်"

"တာဝန်ကျေပါတယ်"

ဌာနရဲ့ အကြီးဆုံးဖြစ်တဲ့ ဗိုလ်ချုပ်ကြီးမှ ဂျီမင်း ပုခုံးလေးကိုပုတ်ရင်ချီးကျူးစကားဆိုသွားခဲ့သည် တကယ်လည်း ခေါင်းဆောင်
ပတ်ခ်ကတာဝန်ကျေပါတယ် အလုပ်လုပ်တဲ့နေရာမှာစေ့စပ်သေချာတဲ့လူဖြစ်တာကြောင့် ခေါင်းဆောင်ကိုဆိုသူ့အဖွဲ့သားတွေကမလေးစားပဲမနေနိုင်ကြ ရုပ်တည်ပြီးဒေါသလေးနည်းနည်းကြီးရုံကလွဲလို့ပေါ့ မြင်ရတဲ့ခဲအပြုံးလှလှလေး‌ တွေနဲ့ပြုံးပြတိုင်းလည်း ဌာနကလူတွေ ငေးကြည့်ကြစမြဲ ငယ်ငယ်ကနေသူငယ်ချင်းဆိုလို့ထယ်ယောင်းတစ်ယောက်ပဲရှိခဲ့တာကြောင့် ထယ်ယောင်းနဲ့ဆိုရင်တော့‌ ခေါင်းဆောင်ရဲ့မြင်ရခဲတဲ့အပြုံးလှလှလေးတွေကိုတွေ့ရပါတယ်

"ခေါင်းဆောင်"

"အော် မင်ဆူပါလား ပြောစရာရှိလို့လား"

"အပြင်မှာ ခေါင်းဆောင်နဲ့တွေ့ချင်လို့တဲ့"

"ဘယ်သူကလဲ"

"CEO ဂျွန်ဂျောင်ဂု"

"အရေးကြီးကိစ္စရှိလို့လား အလုပ်ထိရောက်လာတာ"

"မရှိပါဘူး ဒီတိုင်း ဂျီမင်းကိုသတိရနေလို့ မတွေ့ရတာကြာပြီဖြစ်တဲ့မျက်နှာလှလှလေးကို ကြည့်ချင်တာလည်းပါတာပေါ့ ဟီး"

ဘယ်လိုတွေတောင် အဲ့တာသူတို့ပြောတဲ့ CEO တဲ့လားအခုကျတော့လည်းကလေးကလားပုံစံနဲ့ ငါ့ကိုတောင်ရစ်သဲ့သဲ့လာပြောနေသေးတယ် ခေါင်းဆောင်ပတ်ခ်ကိုရစ်သဲ့သဲ‌စကားတွေပြောဖို့နေနေသာသာမျက်လုံးချင်းတောင်စေ့စေ့မကြည့်ရဲတဲ့သူတွေပင်အများကြီးသူ့လောက်ရဲတင်းတဲ့သူမျိူးမတွေ့ဖူးသေးတာအမှန်ပင်

"ဂျီမင်းလို့...."

"အော် အင်း"

"ကျွန်တော်စကားပြောနေတယ်‌လေဗျာ"

အမှောင်ယံညရဲ့ လင်းလက်ကြယ်Where stories live. Discover now