Part_6

687 49 2
                                    

"ခေါင်းဆောင်!!!!ခေါင်းဆောင်"

"မင်ဆူ ဘယ်လိုဖြစ်လာတာလဲအလန့်တကြားနဲ့"

"အပြင်မှာ ဟို......"

"ပြောစရာရှိတာပြောစမ်းပါ အချိန်ဆွဲမနေနဲ့"

"CEO ဂျွန်ဂျောင်ဂုက အပြင်မှာရန်ဖြစ်နေတာ လုပ်ပါအုံးခေါင်းဆောင်ရေ ဌာနကလူတွေလည်းသူ့ကိုကြောက်လို့ဝင်မတားရဲကြဘူး"

မင်ဆူပြောပြီးတာနဲ့ စခန်းအပြင်ပြေးထွက်သွားတဲ့ခေါင်းဆောင်ရယ်ပါ အပြင်မှာကမ္ဘာပျက်နေရင်တောင် အေး‌စက်စက်နေတတ်တဲ့သူက စိုးရိမ်တကြီးပြေးထွက်သွားတော့ ဌာနကလူတွေလည်းကြောင်အမ်းအမ်းနဲ့ရပ်ကြည့်နေကြသည် စခန်းအပြင်ရောက်တော့ လူတစ်ယောက်ကိုခွထိုင်ကာအပေါ်ကနေ မျက်နှာကိုပင့်ထိုးနေသောဂျောင်ဂု မျက်နှာမှာလည်းဒဏ်ရာဗလပွနဲ့ မျက်လုံးဝိုင်းဝိုင်းလေးတွေက အခုချိန်မှာခက်ထန်နေလေရဲ့ သူဝင်တားမှဖြစ်တော့မယ် မဟုတ်ရင်ဟိုလူသေသွားနိုင်တယ် သူ့အခြေအနေလည်းအတော်ဆိုးနေပြီ

"ဂျောင်ဂု!!!တော်တော့"

အောက်ကလူကိုထပ်ထိုးရန်ဟန်ပြင်လိုက်ချိန် ကြားလိုက်ရတဲ့အသံလေး သေချာပေါက်သူ့အလှလေးပဲပေါ့ ဂျီမင်းရှေ့မှာသူ့ရဲ့ခက်ထန်တဲ့ပုံစံကိုမပြချင်ပါဘူး အလှလေးစိတ်ပျက်သွားမှာကိုသူသိပ်ကြောက်မိပါသည် အတွေးလွန်နေတုန်း ဂျောင်ဂုမျက်နှာပေါ်ကျလာတဲ့ထိုးချက်တွေ

"ဒီ ခွေးမသားကတော့....!!!!!!"

"ဂျောင်ဂု!!!!!တော်ပြီလို့ ငါတော်တော့လို့ပြောနေတယ်နော် မင်ဆူ ဟိုတစ်ယောက်ကိုအမြန်ခေါ်သွားလိုက်တော့"

"ဟုတ်ကဲ့"

"ဂျောင်ဂု!!!စိတ်ထိန်းစမ်း တော်ပြီလေကွာ"

"ဂျီမင်းရှိနေလို့နော် မဟုတ်ရင်အဲ့ကောင်ဒီနေ့အသေပဲ"

"သိတယ် တော်ပြီလေ စိတ်ကိုလျှော့လိုက်ပါတော့ ငါရှိတယ်နော် ငါ...ငါ မင်းမျက်နှာကိုဆေးထည့်ပေးမယ်"

ကျစ် ဘာလို့လက်တွေကတုန်နေရတာလဲ သူ့မျက်နှာကဒဏ်ရာတွေမြင်‌တော့စိတ်ထဲဝမ်းနည်းမိသလို တစ်ခုခုပဲ အာ....စိတ်တိုနေလို့ပဲဖြစ်မှာပါ

အမှောင်ယံညရဲ့ လင်းလက်ကြယ်Where stories live. Discover now