Part_3

1.5K 125 4
                                    

"ဘာတွေဖြစ်နေကြတာလဲ"

"ဟို....သခင်လေးဂျွန် ကဒီနေ့အိမ်ပြန်လာမယ်ဆိုလို့ပါ"

အမေဆုံးပြီးတည်းက အမေ့ရဲ့အငွေ့အသက်တွေအများကြီးကျန်ရှိနေတဲ့ဒီစံအိမ်တော်ကြီးထဲမှာ မိထွေးနဲ့အတူရှိနေတဲ့အဖေ့ကိုမမြင်ချင်တာကြောင့်အိမ်ဘက်ကိုမြှားဉီးတောင်မလှည့်ခဲ့သူက အိမ်ပြန်လာမယ်ဆိုတော့နွေ‌လည်ခေါင်ကြီးမှာရုတ်တရက်မိုးရွာချလိုက်သလိုပဲ

"သခင်လေး"

"ဟာ.....ဖြည်းဖြည်းခေါ်ကြပါကွာ မသိရင်သေပြီးသားမသာပြန်ရှင်လာလို့ဝမ်းသာနေကြတဲ့ရုပ်ကြီးတွေနဲ့"

ဒီတစ်ခါတော့သခင်လေးအိမ်ပြန်လာတာဟာ ကောင်းမွန်သောအကြောင်းပြချက်လေးတွေကြောင့်ပဲဖြစ်မယ်ထင်တယ် လိုအပ်တာကလွဲစကားအပိုမပြောတတ်သူသခင်လေးက သူတို့ကိုစနောက်လိုက်သည့်အခါအိမ်ဖော်ကောင်မလေးတွေငေးခနဲ သူတို့သခင်‌လေးကလည်းချောလွန်းတာကို စိတ်ကြည်လင်နေပုံရသောသခင်လေးကြောင့် အိမ်တော်ထဲရှိအလုပ်သမားများ‌လည်းပျော်ရွှင်နေကြသည် ဒါမဲ့အပျော်များသည်ကြာကြာမခံခဲ့

"ဂျောင်ဂု အဖေ့အခန်းထဲ့ခဏလာအုံး"

"ဒီနေ့အိမ်ကိုလာတာ အဖေနဲ့အရေမရအဖတ်မရတွေပြောဖို့မဟုတ်ဘူး အမေ့ကိုလာနှုတ်ဆက်တာ ပြောစရာမရှိရင်သွားခွင့်ပြုပါအုံး"

"ဂျွန်ဂျောင်ဂု မင်း!!!!အဲ့မှာရပ်စမ်း ငါမင်းကိုပြောစရာရှိတယ်"

"ပြောလေ နားထောင်ဆိုလည်းအလိမ်မာလေးလုပ်ပြီးတော့နားထောင်ပေးရမှာပေါ့"

"နယ်စပ်ကကိစ္စ အဲ့ကိစ္စကိုရဲတွေဘက်ကသိပ်ကျေနပ်တဲ့ပုံမပေါ်ဘူး အဆိုးဆုံးက ပြည်သူ့ကာကွယ်ရေးတပ်ပဲ"

ပြည်သူ့ကာကွယ်ရေးတပ်ဆိုတာနဲ့ပြေးမြင်မိတာသူရဲ့အလှလေး တစ်ခုခုဆိုအဆိုးရွားဆုံးလုပ်ရပ်တွေနဲ့ပဲပြုမှုတတ်သူမို့ ‌ဂျောင်ဂုအနည်းငယ်စိုးရွံသွားသည် အဖေသူ့ကိုမကောင်းတာတစ်ခုခုလုပ်ခိုင်းမှာတော့မဟုတ်ဘူးမလား အမေဆုံးပြီးတည်းကအဖေကသူ့ကို Black Fox အဖွဲ့ထဲဝင်ဖို့ဖိအားပေးခဲ့သည် ဂျောင်ဂုလက်ခံလိုက်ရသည့်တစ်ခုတည်းသောရည်ရွယ်ချက်ကလည်း အမေကြောင့် အမေပိုင်ဆိုင်ခဲ့တဲ့ လုပ်ငန်းတွေ အမွေတွေကိုမိထွေးနဲ့အဖေ့ကိုမပေးချင်သောကြောင့်ဖြစ်သည်
အမေဆုံးတာနဲ့ မယားငယ်ကိုအိမ်ပေါ်ပမာမခန့်တင်ခေါ်လာတာတောင်များနေပြီ မယားငယ်ဆိုသူမှာလည်းမြေခွေးမအတိုင်းပဲမျက်နှာဖုံးတွေဘယ်နှစ်ထပ်ရှိလဲတော့မသိ အဖေ့ရှေ့ဆိုနူးညံ့သလောက် တစ်ဖက်မှာတော့ရက်စက်ကြမ်းကြုတ်တဲ့အမျိုးသမီးလေ

အမှောင်ယံညရဲ့ လင်းလက်ကြယ်Where stories live. Discover now