Description

775 43 0
                                    

Unicode

လူပျိုလှည့်တေး

Description


ယခုနှစ်အတွက် မိန်းကလေးကျောင်းဆောင်မှာ မိန်းကလေးတွေနေဖို့ အခန်းများမရှိတော့ပေ။ ထို့ကြောင့် အခန်းမရသော မိန်းကလေးများသည် ယောကျ်ားလေးအဆောင်သို့ ပြောင်းရွှေ့နေရလေသည်။

အမြဲတမ်းတက်ကြွနေသော ယောကျ်ားလေးအုပ်စုသည် ရုတ်တရက် ငြိမ်ကုတ်သွားသည်။

သူတို့သည် အတွင်းခံများနှင့် ခြေစွတ်များကို အပြင်လျှောက်လမ်း၌ လက်လွတ်စပယ် မလှမ်းတော့ပဲ လမ်းကိုလည်း ဖြည်းဖြည်းလျှောက်ကာ စကားကိုလည်း တိုးတိုးလေးပဲ ပြောတော့သည်။ သူတို့အားလုံးက စိုးရိမ်နေကြသည်။ ထိုအသစ်ပြောင်းလာသော မိန်းကလေးများ လန့်ပြေးသွားမည်ကို ဖြစ်သည်။

တစ်ညတွင် ပေါ်ရန်သည် ရေချိုးပြီး၍ အများသုံးရေချိုးခန်းမှ ထွက်လာခဲ့သည်။ သူသည် ဘယ်ဘက်လက်တွင် ဇလုံတစ်လုံးကို ကိုင်လာပြီး စီကေတံဆိပ်အတွင်းခံဘောင်းဘီတိုကို ဝတ်လာပြီး ထိုသို့ဝတ်ထားခြင်းက သူ့ဗိုက်ကြွက်သား စစ်ပတ်များကို ထုတ်ကြွားနေသလို ဖြစ်နေသည်။

သူ့အဆောင်အခန်းတံခါးဝတွင် ညအိပ်ဂါဝန်ပါးကို ဝတ်ထားသော မိန်းကလေး တစ်ယောက်ကို လှမ်းတွေ့လိုက်သည်။

ကျင်းရှီသည် သူ့စစ်ပတ်များကို စိုက်ကြည့်ရင်း စိတ်လှုပ်ရှားစွာ မေးလိုက်သည်။ “တစ်ဆိတ်လောက်ပါရှင့် ကျွန်မတို့က ဟောခန်းရဲ့ ဟိုဖက်ခြမ်းက အဆောင်ကပါ၊ ကျွန်မတို့ ဝိုင်ဖိုင်သုံးဖို့ ရောက်တာလေးများ တပ်ပေးလို့ ရနိုင်မလား”

“ရတာပေါ့” ဟု ပေါ်ရန်က ပြောလိုက်ပြီး သူ့နံဘေးမှ ဇလုံကို ရှေ့သို့ တိတ်တဆိတ် ရွှေ့လိုက်သည်။

ပလေးဘွိုင်းတစ်ယောက်နှင့် တက်ကြွနေပြီး ချစ်စရာကောင်းသော နတ်သမီးတစ်ပါးလေးတို့၏ ပေါ့ပေါ့ပါးပါးနှင့် ချစ်စရာဇာတ်လမ်းတစ်ပုဒ်ဖြစ်သည်။

မင်းအတွက် ကိုယ် နယ်မြေအသစ်တွေကို ချဲ့ထွင်ပြီး မင်းကို လုံခြုံအောင် ထားနိုင်ဖို့ နယ်နိမိတ်စည်းမျဉ်းတွေ ရေးဆွဲပစ်မယ်။

[ဤဇာတ်လမ်းလေးသည် ပေါ့ပေါ့ပါးပါးနှင့် ပေါတာတော ဇာတ်လမ်းလေးတစ်ပုဒ် ဖြစ်သောကြောင့် သိပ်အလေးအနက်မထားကြပါနှင့်]


°°°°°°°°°°°

Zawgyi

လူပ်ိဳလွည့္ေတး

Description

ယခုႏွစ္အတြက္ မိန္းကေလးေက်ာင္းေဆာင္မွာ မိန္းကေလးေတြေနဖို႔ အခန္းမ်ားမ႐ွိေတာ့ေပ။ ထို႔ေၾကာင့္ အခန္းမရေသာ မိန္းကေလးမ်ားသည္ ေယာက်္ားေလးအေဆာင္သို႔ ေျပာင္းေ႐ႊ႕ေနရေလသည္။

အၿမဲတမ္းတက္ႂကြေနေသာ ေယာက်္ားေလးအုပ္စုသည္ ႐ုတ္တရက္ ၿငိမ္ကုတ္သြားသည္။

သူတို႔သည္ အတြင္းခံမ်ားႏွင့္ ေျခစြတ္မ်ားကို အျပင္ေလွ်ာက္လမ္း၌ လက္လြတ္စပယ္ မလွမ္းေတာ့ပဲ လမ္းကိုလည္း ျဖည္းျဖည္းေလွ်ာက္ကာ စကားကိုလည္း တိုးတိုးေလးပဲ ေျပာေတာ့သည္။ သူတို႔အားလုံးက စိုးရိမ္ေနၾကသည္။ ထိုအသစ္ေျပာင္းလာေသာ မိန္းကေလးမ်ား လန္႔ေျပးသြားမည္ကို ျဖစ္သည္။

တစ္ညတြင္ ေပၚရန္သည္ ေရခ်ိဳးၿပီး၍ အမ်ားသုံးေရခ်ိဳးခန္းမွ ထြက္လာခဲ့သည္။ သူသည္ ဘယ္ဘက္လက္တြင္ ဇလုံတစ္လုံးကို ကိုင္လာၿပီး စီေကတံဆိပ္အတြင္းခံေဘာင္းဘီတိုကို ဝတ္လာၿပီး ထိုသို႔ဝတ္ထားျခင္းက သူ႕ဗိုက္ႂကြက္သား စစ္ပတ္မ်ားကို ထုတ္ႂကြားေနသလို ျဖစ္ေနသည္။

သူ႕အေဆာင္အခန္းတံခါးဝတြင္ ညအိပ္ဂါဝန္ပါးကို ဝတ္ထားေသာ မိန္းကေလး တစ္ေယာက္ကို လွမ္းေတြ႕လိုက္သည္။

က်င္း႐ွီသည္ သူ႕စစ္ပတ္မ်ားကို စိုက္ၾကည့္ရင္း စိတ္လႈပ္႐ွားစြာ ေမးလိုက္သည္။ “တစ္ဆိတ္ေလာက္ပါ႐ွင့္ ကြၽန္မတို႔က ေဟာခန္းရဲ႕ ဟိုဖက္ျခမ္းက အေဆာင္ကပါ၊ ကြၽန္မတို႔ ဝိုင္ဖိုင္သုံးဖို႔ ေရာက္တာေလးမ်ား တပ္ေပးလို႔ ရႏိုင္မလား”

“ရတာေပါ့” ဟု ေပၚရန္က ေျပာလိုက္ၿပီး သူ႕နံေဘးမွ ဇလုံကို ေ႐ွ႕သို႔ တိတ္တဆိတ္ ေ႐ႊ႕လိုက္သည္။

ပေလးဘြိဳင္းတစ္ေယာက္ႏွင့္ တက္ႂကြေနၿပီး ခ်စ္စရာေကာင္းေသာ နတ္သမီးတစ္ပါးေလးတို႔၏ ေပါ့ေပါ့ပါးပါးႏွင့္ ခ်စ္စရာဇာတ္လမ္းတစ္ပုဒ္ျဖစ္သည္။

မင္းအတြက္ ကိုယ္ နယ္ေျမအသစ္ေတြကို ခ်ဲ႕ထြင္ၿပီး မင္းကို လုံျခဳံေအာင္ ထားႏိုင္ဖို႔ နယ္နိမိတ္စည္းမ်ဥ္းေတြ ေရးဆြဲပစ္မယ္။

[ဤဇာတ္လမ္းေလးသည္ ေပါ့ေပါ့ပါးပါးႏွင့္ ေပါတာေတာ ဇာတ္လမ္းေလးတစ္ပုဒ္ ျဖစ္ေသာေၾကာင့္ သိပ္အေလးအနက္မထားၾကပါႏွင့္]



လူပျိုလှည့်တေး (ဘာသာပြန်)Where stories live. Discover now