Chap 8 Web Crawlers (2)

134 22 0
                                    

အခန်း ၈ Web Crawlers (2)

ထိုင်ခုံခါးပတ် ပတ်ပြီးနောက် လင်းရွှင် တုန်းကျွင်းကို လှမ်းကြည့်လိုက်သည်။

တုန်းကျွင်းက လက်ဖြင့် ဘရိတ်ကိုဆွဲကာ စတီယာရင်ကို ကိုင်လိုက်ခြင်းက သူ့ကိုအံ့အားသင့်သွားစေသည်။

ကားက စတင်ကာ ကားပါကင်နေရာမှ မောင်းထွက်လာခဲ့သည်။ သူ့ရဲ့ ကားမောင်းစွမ်းရည်က တည်ငြိမ်ကာ ငြိမ့်ငြိမ့်‌ညောင်းညောင်းရှိလှသည်။

—— ဒါက ဒီခေတ်မှာ မရှိသလောက်ရှားပါးသွားပြီဖြစ်တဲ့ ကိုယ်တိုင်မောင်းစနစ် ပါတဲ့ကားပဲ။

လွန်ခဲ့သည့် သုံးနှစ်က အလိုအလျောက် မောင်းနှင်မှု ပရိုဂရမ်များ ခေတ်စားလာခဲ့ပြီး ကားတိုင်းလိုလို၌ အလိုအလျောက် မောင်းနှင်မှုစနစ် ပါဝင်ဖြည့်စွက်လာကြသည်။

5G ကွန်ရက်နည်းပညာ၏ ကြီးပြင်းရင့်ကျက်လာမှုသည် ကမ္ဘာလုံးဆိုင်ရာ ကွန်ရက်နှင့်အတူ ချက်ချင်းလက်ငင်းတုံ့ပြန်နိုင်သည့် လက်တွေ့လောကတစ်ခုဖြစ်လာပြီး ကားတိုင်းမှာ စနစ်၏ထိန်းချုပ်မှုအောက်၌ ရှိနေခဲ့သည်။ ဦးတည်ရာကို သတ်မှတ်ရန်သာ လိုအပ်ပြီး လုပ်ငန်းအားလုံးကို အလိုအလျောက် မောင်းနှင်စနစ်ကသာ လုပ်ဆောင်သွားလိမ့်မည်။

ခေတ်မီဆန်းသစ်သော လုပ်ထုံးလုပ်နည်းများသည် ပြီးပြည့်စုံစွာလည်ပတ်နိုင်သော စက်တစ်ခုကဲ့သို့ပင် ယာဉ်အားလုံး၏ လမ်းကြောင်းများနှင့် အမြန်နှုန်းအားလုံးကို လက်တွေ့အသုံးချခြင်းဖြင့်—သုံးနှစ်အတွင်း မည်သည့်ယာဉ်မတော်တဆမှုမှ မဖြစ်ခဲ့ချေ။

ဤမျှကြီးမားသော အလိုအလျောက်မောင်းနှင်မှုစနစ်၏ ပဲ့ကိုင်ရှင်မှာ နဂါးငွေ့တန်း ဖြစ်သည်။

သို့သော် ယခုအချိန်တွင် နဂါးငွေ့တန်း ၏ စီအီးအို ဖြစ်သူသည် အလိုအလျောက်မောင်းနှင်မှုစနစ်ကို အသုံးမပြုဘဲ ကိုယ်တိုင်မောင်းနှင်နေသည်ကို လင်းရွှင် တွေ့လိုက်ရသည်။

တုန်းကျွင်းက သူ့အကြည့်တွေကို သတိထားမိသွားပြီး သူ့အသံက နူးညံ့ပျော့ပျောင်းနေကာ "လွမ်းဆွတ်မှုလေ" ဟု ပြောလာသည်။

C Language Cultivation (Mm translation)Where stories live. Discover now