Chap 4 အဆုံးမဲ့ ကွင်းဆက် (၄)

148 28 1
                                    

အခန်း (၄) အဆုံးမဲ့ ကွင်းဆက် ()

လင်းရွှင်မှာ ဘာသာစကားပေါင်းများစွာကို အသုံးပြုတတ်သော်လည်း ကျွမ်းကျင်အဆင့်တော့မဟုတ်။ နောက်ပိုင်းတွင် တုန်းကျွင်းသည် ဂလက်စ် ကို တီထွင်ခဲ့ပြီး ၄င်းမှာ သူနှစ်သက်သော ဘာသာစကားဖြစ်လာကာ အခြားဘာသာစကားများအား တစိုက်မတ်မတ်အသုံးပြုနေခြင်းကို လျှော့ချခဲ့သည်။ သို့သော် သူ့အနေနှင့် စီ ဘာသာစကားကို မသိနားမလည်ဟု မဆိုလိုပေ။ ဆန့်ကျင်ဘက်အနေနှင့် ကုဒ်ပေါင်းများစွာ ရိုက်ပြီးနောက် မည်သည့်ဘာသာစကားပင်ဖြစ်စေ ထိုမျှမခက်ခဲတော့။

အကယ်၍ "မင်္ဂလာပါ ကမ္ဘာလောကကြီး" မှာ ချီ သန့်စင်ခြင်းကာလသို့ ရောက်ရှိသွားပြီဟု ဆိုနိုင်လျှင် အခြားပရိုဂရမ်များဖြင့်လည်း မစ်ရှင်လုပ်ငန်းစဉ်ကို မြှင့်တင်နိုင်မည်မှာ အသိသာပင်ဖြစ်သည်။

သူသည် ရိုးရှင်းသော လုပ်ဆောင်ချက်အချို့ကို စတင်ကြိုးပမ်းခဲ့သည်။

ပေးအပ်ခံရသောတာဝန် မစ်ရှစ်လုပ်ငန်းစဥ် 5%။

ဂဏန်းသုံးလုံးအား ရိုးရှင်းစွာ အကဲဖြတ်နှိုင်းယှဉ်ပါ။ မစ်ရှင်လုပ်ငန်းစဉ် 10%။

ရိုးရှင်းသောကွင်းဆက် စဉ်ဆက်မပြတ်ထပ်တိုးမှုနှင့် မြှောက်ဖော်ကိန်းများ။ မစ်ရှင်လုပ်ငန်းစဉ် 15%။

အချက်အလက်တည်ဆောက်မှု 20%။

လုပ်ဆောင်ချက်များ၊ 40% အထိ တိုက်ရိုက်တိုးမြှင့်ခြင်း။

လမ်းညွှန်စနစ် 60%။

အဆုံး၌ လုပ်ငန်းစဉ်ဘားတန်းသည် 80% တွင် မရွေ့တော့ဘဲရပ်တန့်သွားသည်။

အခြေခံလုပ်ဆောင်ချက်တွေက လိုအပ်ချက်တွေနဲ့ မကိုက်ညီတော့လို့များလား?

လင်းရွှင် အသက်ပြင်းပြင်းရှူလိုက်ပြီး ရိုးရှင်းလွယ်ကူသော မိုင်းရှင်းဂိမ်းတစ်ခုကို အမြန်ရေးဆွဲလိုက်သည်။


ပရိုဂရမ်ရေးဆွဲပြီးနောက် လုပ်ငန်းစဥ်အခြေအနေမှာ မတိုးတက်လာသေး။

ထို့ကြောင့် သူသည် ဝက်ဘ်ဆိုဒ်အား ဖော်လံဖားလုပ်နေခြင်းအပြုအမူကို ရပ်လိုက်တော့သည်။ (အဆင့်တက်လောက်မယ်ထင်တဲ့ ခပ်တုံးတုံးပရိုဂရမ်လေးတွေ စိတ်တိုင်းကျလိုက်လုပ်ပေးနေတာကို ဆိုလိုတာပါ။)

C Language Cultivation (Mm translation)Where stories live. Discover now