Chap 2 အဆုံးမဲ့ ကွင်းဆက် (၂)

85 4 0
                                    

အခန်း (၂) အဆုံးမဲ့ ကွင်းဆက် (၂)

၂သိန်း နှင့် သန်း၃၀ ကြား ကွာဟမှုက အဆတစ်ရာပင်မကချေ။

လင်းရွှင်သည် မီတာ 10,000 အမြင့်မှ ရုတ်တရက် ပြုတ်ကျလာရပြီး ဗလာနတ္ထိဖြစ်နေသောဦးနှောက်နှင့် ခဏတာမျှ ထုံထိုင်းထိုင်းဖြစ်နေသည်။

ထုံထိုင်းထိုင်းတစ်ခဏ၌ တုန်းကျွင်း၏အသံ ထွက်ပေါ်လာပြန်သည် "လူကြီးမင်းလင် ဘက်ကရော ဘယ်လိုထင်လဲ"

လင်းရွှင်က "ကျွန်တော် သိခွင့်ရှိမလား... ခင်ဗျားဘာလို့ ဒီလိုလုပ်ချင်ရတာလဲဆိုတာ"

"လော့ရှန်းရဲ့ ရှယ်ယာတွေကို ဘာလို့ဝယ်တာပါလဲ" 

ဤကြီးမားသော ကွာဟချက်ကိုလက်ခံရင်း လင်းရွှင်သည် နိုးထကာ လက်တွေ့ကို ရင်ဆိုင်ရပေဦးမည်- "ခင်ဗျား ကျွန်တော်တို့ကို ဘယ်ကနေ သိခဲ့တာလဲ"

သူတို့မှာ ဒေဝါလီခံရခါနီး လူသုံးဦးပါဝင်သည့် ကုမ္ပဏီတစ်ခုမျှသာဖြစ်သည်။ စာရင်းကိုင်တစ်ဦးပင် မတတ်နိုင်ကြသဖြင့် လုပ်ငန်းစီမံချက်ကို ‌ကျောက်ကျာ့ကုံ့မှ ရေးသားခဲ့ရသည်။ "လော့ရှန်း" အယ်လ်ဂိုရီသမ်ကို ကုမ္ပဏီများစွာထံ တင်ပြခဲ့ဖူးပြီး ခြွင်းချက်မရှိ ပယ်ချခံခဲ့ရသည်။ လွန်ခဲ့သောတစ်နှစ်က ဂလက်ဆီထံသို့ အဆိုတင်သွင်းခဲ့ဖူးသော်လည်း ပင်လယ်ထဲ နစ်မြုပ်သွားသည့် ကျောက်တုံးကဲ့သို့ပင်။

တုန်းကျွင်းက သူ့လက်ချောင်းတွေကို စားပွဲတင်ကွန်ပျူတာပေါ်သို့တင်လိုက်ပြီး "မင်းသိရမှဖြစ်မယ် ဆိုရင်တော့ Github မှာ မင်းရဲ့ကုဒ်တစ်စိတ်တစ်ပိုင်းကို ငါတွေ့ခဲ့တာကြောင့်ပဲ"

ထို့နောက် သူက လင်းရွှင်ရဲ့ မျက်လုံးတွေကို ကြည့်လာပြီး "ကိုယ် ပုဂ္ဂိုလ်ရေးအရ စိတ်ဝင်စားမိသွားတယ်။ မင်းအနေနဲ့ ပင်မ အယ်လ်ဂိုရီသမ်အကြောင်း အသေးစိတ်ရှင်းပြပေးနိုင်မလား။"

လင်းရွှင်၏နှလုံးသားမှာ ရင်ဘတ်ထဲတွင် ပြင်းထန်စွာခုန်ပေါက်နေလျက်- "သေချာပေါက်ရတာပေါ့"  

တစ်ချိန်က သူသည် လူအများအား အယ်လဂိုရီသမ်ကို ရှင်းပြရန်ကြိုးပမ်းခဲ့သော်လည်း လူတိုင်းလိုလိုက ၄င်းမှာ အဓိပ္ပါယ်မဲ့ပြီး မလိုအပ်ဟု မှတ်ယူခဲ့ကြသည်။ ဝမ်အန်းချွမ်နှင့် ကျောက်ကျာ့ကုံ့သည်ပင် အသေးစိတ်အသုံးပြုရသည့်သင်္ချာကို အမှန်တကယ်နားမလည်ခဲ့ချေ။

C Language Cultivation (Mm translation)Where stories live. Discover now