(အပိုင်း13)

767 27 2
                                    

♡ဖူးစာ၏လှည့်ကွက်♡

(အပိုင်း13)

''အေး ကြည့်နေ မင်းကဆိုင်ပဲဆိုင်တာ မပိုင်သေးဘူး ငါ့ကပိုင်အောင်လုပ်ပြမှာမို့ မင်းချစ်သူကိုသေချာတာဖွက်ထားလိုက်''

ဇိုး မကျေနပ်ဖြစ်ကာကျန်နေခဲ့ရပြီ...ခုချိန်မှာနွေဦးထက် အနမ်းကိုသာဘယ်လိုယူရင်ကောင်းမလဲဆိုသာတာတွေးနေမိတော့တယ်...

.
.
.

''အစ်ကို ''

''ဗျာ''

''ဘာတွေလုပ်နေတာလဲ?''

''ဟင်းချက်နေတာလေ ညနေကျရင်ကိုယ့်မိန်းမတို့စားလို့ရအောင်''

''ဟာ  အဲ့တာများနွေဦးချက်ပေးမှာပေါ့''

''ကိုယ့်မိန်းမပင်ပန်းမှာဆိုးလို့ပါဆို''

''ဟွန်း ပိုပြန်ပြီ''

နှာခေါင်းကိုချုံကာပြောလိုက်ချင်းပင်...

''မပိုပါဘူးဗျာ ကိုယ့်ကကိုယ်ခလေးတွေကိုစားစေချင်လို့ချက်​ကျွေးတာကို''

''ဘယ်မှာလဲ ခလေးတွေ?''

''ဟောဒီမှာလေ''

နွေဦးရဲ့နှာခေါင်းလေးကိုအသာလေးဖိညှစ်လိုက်ကာ ပြောလိုက်ပြီး ပါးလေးကိုနမ်းရိူက်လိုက်သည်။

''အစ်ကိုကလည်း မီးဖိုချောင်ကြီးမှာ''

''အဲ့ဆို အခန်းထဲသွားမလား''

''ကဲဟယ် ကဲ လူကြီးဖြစ်ပြီးစကားကိုဘယ်လိုတွေပြောနေတာလဲ''

လင်းညို့ရဲ့ရင်ဘတ်ကိုတစ်ဘုန်းဘုန်းနဲ့ထုရိုက်နေလိုက်သည်။

''အာ...တော်ပါတော့ ဒါလေးစတာကိုတွန့်တို​နေလိုက်တာများ''

''အင်း တွန့်တိုတယ်...နွေဦးကစိတ်ပုတ်တယ်လေ သွား... လာမခေါ်နဲ့''

''အယ်...ခလေးလို့ပြောပြန်လည်းမကြိုက်ဘူး....ခုလဲစိတ်ကောက်ပြန်ပြီ''

''ဘယ်မှာကောက်လို့လဲ!''

''အခုကောက်နေပြီမလား''

''မကောက်ပါဘူးဆို''
စိတ်တိုပြီဒေါသသံလေးပါလာပြီ...

''အယ် အင်းပါ မကောက်ဘူးဟုတ်ပြီလား''

ဖူးစာ၏လှည့်ကွက် Where stories live. Discover now