(အပိုင်း10)

725 25 2
                                    

♡ဖူးစာ၏လှည့်ကွက်♡

(အပိုင်း10)

''အော်...အကိုက'လင်းညို့ရှင်'ဘာ..ဟိုဒါကကိုယ့်ရဲ့ညီမ...ဒါကကိုယ်ရဲ့မေမေလေ..ပြီတော့ ဒီကတစ်ယောက်က...ကိုယ့်ဇနီး..'နွေဦးသော်တာ'တဲ့''

''ဗျာ''

''ဘာဖြစ်လို့လဲ..ငါ့ညီ''

''အော်...ဘာမဖြစ်ပါဘူး ''

''ဒယ်ဒီ..မာမီ''

''အွန်း....မီးငယ်လေးနိုးပြီလား''

''ဟုတ်''

အရင်ကဆိုနိုးတာနဲ့အဖေဆီအရင်သွားတဲ့ကလေးက ခုတော့ နွေဦးမှနွေဦးဖြစ်နေသည်။

''မီးငယ်ကဘက်လိုက်တယ်နော်...ဒယ်ဒီဆီတောင်မလာတော့ဘူး''

''ဟီးဟီး...ဒယ်ဒီထက်မာမီကိုနည်းနည်းလေးပိုချစ်တယ်''

''ဟောဗျာ''

သူ့ထက်တောင်မှ...သူမာမီကိုပိုချစ်တယ်တဲ့လေ...

''ဒါနဲ့...သူလေးက''

နွေဦးကိုမာမီဆိုပြီးခေါ်နေတဲ့ခလေးကို သူတဂယ်သိချင်နေမိပြီ...

''ဒါက..ကိုယ့်ခလေးလေ...သမီးချောတဲ့''

''ဒယ်ဒီ ဒီကဦးဦးက''

''ဦးဦးက ခုမှဒီမှာအလုပ်စလုပ်မှာလေ''

''အော်..''

''မာမီလာ အထဲဝင်ပြီဆော့ရအောင်''

''အင်း..''

ခလေးကိုမြင်ပြီး သူလာတာနောက်များကျသွားပြီလားဆိုလားအတွေးတွေကဝင်လာသည်။

''ဒယ်ဒီရောလာလေ''

''အင်း..ဒယ်ဒီဝင်ခဲ့မယ်..မာမီနဲ့အရင်သွားနှင့်''

''ဟုတ် ဒယ်ဒီ''

''အဲ့တာဆို..ညီဘယ်တော့လောက်အလုပ်ဆင်းမယ်စိတ်ကူးထားလဲ''

''မနက်ဖြန်လောက်ဆင်းချင်ပါတယ်''

''အင်း...ရတယ်လေ''

''ဒါဆို...ကိုယ်သွားပြီ''

သူခေါင်းထဲမှာအတွေးပေါင်းမြောက်များစွာနဲ့ကျန်နေခဲ့ရသည်။
နွေဦးကလက်ထပ်လိုက်ပြီလား..?
သူ့လာတာနောက်ကျဝါးပြီလား...?
ခလေးကရော...?
အရင်ကတည်းက ရင်းနှီးနေတဲ့သူတွေလိုပင်...နွေဦးကသူတို့နဲ့ဘယ်လိုသိသွားတာလဲ...ဒါမှမဟုတ်...အရင်ကတည်းကသိပြီး အရင်ကတည်းကရင်းနှီးနေကြတာလား...ဝေခွဲမတတ်တော့ဘာ....

ဖူးစာ၏လှည့်ကွက် Where stories live. Discover now