(အပိုင်း2)

1.7K 26 2
                                    

♡ဖူးစာ၏လှည့်ကွက်♡

(အပိုင်း2)

"ဟာ... သွားပြီ"

ဆိုတဲ့အသံနဲ့အတူ "လင်းညို့ရှင်"တို့စီးလာတဲ့ကားကမိန်းကလေးငယ်တစ်ယောက်ကိုဝင်တိုက်မိဝါးသည်

"ထွန်းခင်...ဆင်းကွာ ဆင်းကြည့်စမ်း သေကုန်ပြီလားမသိဘူး"

"ဟာ ဆရာကလည်း ဖွ ဖွ လွှဲပါစေ ချော်ပါစေဗျာ လူ့ကိုငရဲတွင်းထဲအရောက်ကိုပို့နေတော့တာပဲ "

"ရှည်မနေနဲ့ အမြန်ဆင်း ဟိုကသေနေမှ အမှုပတ်နေမယ် အရေးကြီးနေပါတယ်ဆို ဇယားကလာရူတ်ပြီ"
ထွန်းခင် အောက်ကိုအပြေးလေးဆင်းလာခဲ့သည်

"ဟာ...ဆရာ  မိန်းကလေးရီးဗျ"

"သေပြီလား"

"ဟာ...ဘယ်နှယ့် ဇွတ်သေခိုင်းနေရတာလဲ"

"ကျွန်တော်ကိုအမှုပိုကြီးအောင်လုပ်နေတယ်"

"ဘယ် လို .... ဘယ်လိုဆက်လုပ်ရမလဲ ဆရာ"

"ဘယ်လိုမှလုပ်မနေနဲ့ ငါတို့ကလည်း အရေးကြီးသလို သူလည်းအရေးကြီးတာပဲ ကားပေါ်သာခေါ်တက်ခဲ့တော့ လန့်ပြီးမေ့ဝါးတာပဲဖြစ်မယ် ဟိုရောက်မှ သူ့အကြောင်းမေးကြည့်ပြီ အိမ်ပြန်လွှတ်လိုက်မယ်"

"တင်လိုက်တော့ ကားပေါ် "

"ဟီးး ဟီးး ကျွန်တော် တစ်ယောက်တည်းတော့မချီနိုင်ဘူးဗျ ဆရာလာချီမှရမယ်"

"ဟာကွာ မင်းတော့ငါ့လုပ်ရင် အရိုးတောင်ကျန်မှာမဟုတ်တော့ဘူး ဖယ်"
ဆိုပြီးကားပေါ်ကို သူချီတင်လိုက်ပြီး သူတို့ကားလေးက မော်လမြိုင်ကိုဦးတည်ပြီး မောင်းလာခဲ့သည်

********************************************
တဖက်တွင်တော့ လဝန်းသော်တာ တို့အတွဲသည် "ငပလီ"သို့ဟန်းနီးမွန်းထွက်ခဲ့တော့တယ်

"ကိုယ် လဝန်းတို့ကိုမေမေတို့ကခွင့်လွှတ်ပါ့မလား"
"ခုဆို မေမေတို့ကသိပြီးလိုက်ရှာနေလောက်ပြီ''
''ဘယ်လိုလုပ်ကြမလဲဟင်"

''စိတ်မပူပါနဲ့ လဝန်းရယ် ကိုယ်က ကလေကချေကောင်မှမဟုတ်ပဲလဝန်းနဲ့ပေးစားမယ့်လူကြီးထက်တော့သာပါသေးတယ် လဝန်းရယ်"

''ပါရဂူဘွဲ့ရဒေါက်တာ ကျော်မိုးလွင် ဆိုလဝန်းမိဘတွေလည်းငြင်းမှာမဟုတ်ဘူး သိလား အဲ့တာတွေစိတ်ထဲကထုတ်ထားလိုက် ခုတော့ ပျော်ပျော်ပဲနေရအောင်နော်"

ဖူးစာ၏လှည့်ကွက် Where stories live. Discover now