(အပိုင်း5)

920 24 0
                                    

♡ဖူးစာ၏လှည့်ကွက်♡

(အပိုင်း5)

''မင်း ကိုယ့်ကလေးအတွက် 'အငှားမာမီ'လုပ်ပေးရမယ်''

''ဘာ..''
(ရုတ်တရက် ကြားလိုက်ရတဲ့စကားကြောင့် လန့်ဖြန့်သွားမိတာတော့အမှန်ပင်...ပြောစရာစကားတွေတောင်ပျောက်ဆုံးကုန်ပြီ)

''မင်း ပြောခဲ့ဖူးတယ်မလား မင်းမှာအားကိုးမရှိဘူးလို့... အခုငါ့ကမင်းကိုကာကွယ်ပေးမယ် ပြည့်စုံအောင်ထားပေးမယ်..မင်းအတွက်လစာအနေနဲ့ တစ်လကို5သိန်းပေးမယ် ကျန်တာတွေကအစငါ့တာဝန်ယူတယ် မင်းလုပ်ပေးရမှာက တစ်ခုပဲအဲ့တာက...ကိုယ့်ကလေးရဲ့ မာမီဖြစ်ပေးပါ..''

''မရဘူးနော်...နွေဦးက ဘယ်..ဘယ်လိုလုပ်ဖြစ်မှာလဲ''

''အဲ့တာတော့ မင်းသဘောပဲ...မင်းကကိုယ့်ခလေးရှေ့မှာပဲခလေးရဲ့မာမီအနေနဲ့နေပြီးစောင့်ရှောက်ပေးရမှာ ကိုယ့်ကမင်းကိုကလေးထိန်းသဘောနဲ့လစာပေးတာ ဒါပဲ''

''ဒါပေမယ့်''

''ကိုယ်ပြောပြီးပြီ နွေဦး''

''မင်းကြိုက်သလိုရွှေးချယ်ခွင့်ရှိတယ်...မင်းသဘောပဲ''

(တဂယ်ဘာပဲ အိမ်မှာယောကျာ်းပေးစားမှာဆိုးလို့ ထွက်ပြေးလာတာကို ခုဒီမှာ ခလေးအမေလုပ်ရမယ်တဲ့ ဟူးးး နင်တော့ခက်ရချည်ရဲ့နွေဦးရယ်။ ကိုယ့်ကိုကိုယ်ပဲအပြစ်တင်ရမလို ကျိန်ဆဲရမလိုဖြစ်နေပါပြီ...ဒါမဲ့ဆုံးဖြတ်ချက်တစ်ခုတော့ချရမယ်မလား...'နောင်ခါလာ နောင်ခါစျေး' ဆိုတဲ့ စကားကိုကျင့်သုံးတဲ့ နွေဦးကတော့ လက်ရှိအခြေအနေကိုသာ အရင်ဦးစားပေးပါတော့မည်)

(ခနလေးစဥ်းစားပြီး သူ့စကားသံကြောင့်အသိပြန်ဝင်လာခဲ့သည်)

''မင်းစဥ်းစားပြီးပြီလား''

''ဟို...နွေဦး...နွေဦးက မီးငယ်ရဲ့မာမီအဖြစ်ပဲလုပ်ပေးရမှာမလား''

''အင်း ဟုတ်တယ်''

''ကောင်းပါပြီ...ဒါဆိုနွေဦး မီးငယ်ရဲ့မာမီအဖြစ်လုပ်ပါ့မယ်''

''အင်း...ဒါမဲ့'အငှားမာမီ'နော်''

(အငှားမာမီ..ဆိုပြီးပြောလိုက်တဲ့သူ့စကားကြောင့် မကျေမနပ်ဖြစ်သွားခဲ့သည်... ဒါမဲ့သူပြောတာလည်းမမှားဘာ...တဂယ်လည်းအငှားမာမီ ပဲကိုဘာတွေမကျေမနပ်ဖြစ်သွားလဲဆိုတာ နွေဦးတဂယ်နားမလည်နိုင်တော့ဘာ)

ဖူးစာ၏လှည့်ကွက် Where stories live. Discover now